Chapter(2.2)

1.5K 197 25
                                    

Zawgyi

အပိုင်း(၂)ဒုတိယပိုင်း
(ငါ့ကိုကြိုက်တဲ့လူက လူကောင်းတစ်ယောက်ပဲ)

လုယွင်ချီရဲ့ ရနံ့ခံအာရုံတစ်ခုလုံးက သခွားသံပရို ဖယ်ရိုမုန်းနံ့တွေနဲ့ပြည့်နှက်နေခဲ့ပြီး တစ်ကိုယ်လုံး မအီမသာဖြစ်နေခဲ့သည်။
သူ့ခန္ဓာကိုယ်က ဒီရနံ့ကို အလိုလျောက်ခုခံနေပုံရပြီး အစာအိမ်တစ်ခုလုံး အော်ဂလီဆန်ကာ ပျို့အန်ချင်နေသည်။

သူ့စိတ်အာရုံသည်လည်း ကုန်သင်္ဘောပေါ်မှ ရန်သူ့သင်္ဘောဆီသို့ကူးလာခဲ့သည့်အတိုင်း ကမောက်ကမဖြစ်သွားခဲ့ကာ စက္ကန့်ပိုင်းမျှ အသိလွတ်သွားလေသည်။

ချင်ပုယွဲ့သည် လုယွင်ချီထံသို့ ချဉ်းကပ်သွားသည့်ခဏ...မူလက တံခါးဝတွင်ရှိနေခဲ့သည့် အမျိုးသားမှာ ရုတ်တရက် သူ့ဆီသို့ခုန်အုပ်လာကြောင်း မြင်လိုက်ရလေတယ်။
သေခါနီးသားရဲတစ်ကောင်၏ နောက်ဆုံးတိုက်ခိုက်မှုလို...လုယွင်ချီသည် သူ့ခွန်အား,အားလုံးကို ဤတိုက်ကွက်အပေါ် ပုံအောထားပုံရသည်။သူ့ လှုပ်ရှားပုံများက မယှဉ်နိုင်လောက်အောင် ရက်စက်ကြမ်းကြုပ်လို့နေသည်။

ချင်ပုယွဲ့တောင်မှ ဒီတိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ယုံကြည်ချက်မရှိတော့ဘဲ တုံ့ဆိုင်းမှုကင်းစွာဖြင့် ထိုတိုက်ခိုက်မှုကိုရှောင်ရှားလိုက်တော့သည်။

ပစ်မှတ်မရှိတော့သည့် လုယွင်ချီလည်း သူ့ကိုချုပ်နှောင်ခဲ့တဲ့ ကုတင်ကြီးပေါ် တိုက်ရိုက်ပြုတ်ကျသွားတော့သည်။ဤတိုက်ခိုက်မှုအပေါ် သူ ခွန်အားမည်မျှသုံးထားသလဲဆိုရင် အထူးသံမဏိပြားတွေနဲ့ ပြုလုပ်ထားတဲ့ ထိုကုတင်ကြီးမှာ မူလစတီးပြားတွေအသွင်ပြန်ပြောင်းသွားလေတော့သည်။

ချင်ပုယွဲ့မှာလဲ အနည်းငယ်မျက်နှာပျက်သွားတော့၏။လုယွင်ချီတွင် ခွန်အားဒီလောက်ကျန်နေဦးမည်ဟု သူမျှော်လင့်မထားခဲ့ပေ။ပြီးခဲ့တဲ့ရက်တွေက ဤအမျိုးသားကိုထိုးပေးခဲ့သည့်အာဟာရရည်များတွင် ခန္ဓာကိုယ်ကိုအားပျော့စေသည့် အထူးပစ္စည်းတစ်မျိုးပါဝင်လေသည်။ဒါကြောင့်လည်း သူယုံကြည်မှုတွေပြင်းထန်နေခဲ့တာဖြစ်သည်။

ဤတိုက်ခိုက်မှုက လုယွင်ချီ၏ခွန်အားအားလုံးကိုစုပ်ယူသွားပုံရသည်။သူသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပြီးနောက် ပြန်မထနိုင်တော့ပေ။ပြန်ရပ်ဖို့ဘယ်လောက်ကြိုးစားကြိုးစား မထနိုင်ဘဲအကြိမ်ကြိမ်လဲပြိုကျလို့နေသည်။

'အယ်လ်ဖာ'မဖြစ်ချင်တဲ့ အယ်လ်ဖာ(မြန်မာ ဘာသာပြန်) Where stories live. Discover now