End

800 118 20
                                    

Zawgyi

ရူအန်ဖေးဖေး ပြန်လာခဲ့ပြီ။ ဒီတစ်ခေါက်တော့ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့အတူ ပင်မဂြိုလ်ဆီသို့ ပြန်လာခဲ့တာဖြစ်၏။

သိပ္ပံနှင့်နည်းပညာအစည်းအရုံးတွင် နေထိုင်ခဲ့သည့် သုံးနှစ်အတွင်း၊ သူမသည် ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြင့် လူ့ခန္ဓာကိုယ်ကို အဆုံးစွန်ဆုံးထိတိုးမြှင့်ပေးနိုင်သည့် အထူးဆေးဝါးတစ်မျိုးကို တီထွင်နိုင်ခဲ့သည်လေ။

ဤဆေးဝါးသည် အိုမီဂါများအတွက် အထူးပြင်ဆင်ဖော်စပ်ထားသည်ဟု ပြောလျှင်လဲမမှားပေ။

ဒီဆေးကိုသုံးထားတဲ့ အိုမီဂါဟာ ရုတ်တရက် estrus ဖြစ်မှာကို စိတ်ပူစရာမလိုဘဲ၊ သာမန်လူတစ်ယောက်လို လူ့အဖွဲ့အစည်းမှာ နေထိုင်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ဒီတီထွင်မှုဟာ သူမကို Primal Chaos Medicine Awardကို ရရှိစေခဲ့သည်။

Primal Chaos Medicine Award ဆိုသည်က စကြဝဠာမဟာမိတ်တစ်ခုလုံးတွင် အမြင့်ဆုံး ဆေးသိပ္ပံဆုဖြစ်၏။

ရူအန်ဖေးဖေး....မဟုတ်ဘူး၊အခု လုယွင်ယွင် လို့ခေါ်တဲ့ အယ်လ်ဖာဟာ စကြာဝဠာမဟာမိတ်တစ်ခုလုံးရဲ့အာရုံကို စွဲဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ဒါ့ကြောင့်လဲ လုယွင်ချီ သူမကို TVဖန်သားပြင်ပေါ်တွင်မြင်နိုင်ခဲ့တာဖြစ်သည်။ မရင်းနှီးသည့်'လုယွင်ယွင်'ဆိုတဲ့ နာမည်နှင့် နှိုင်းယှဉ်ပါက 'ရူအန်ဖေးဖေး'ဟူသောအမည်ကိုသာ သူ ပို၍နှစ်သက်လေတယ်။

ဖေးဖေးသည် စစ်ယူနီဖောင်းကို ဝတ်ထားဆဲဖြစ်ပြီး၊ ဂုဏ်ယူမှုတစ်စွန်းတစ်စက သူမ မျက်နှာထက် ထင်ဟပ်လို့နေသည်။
သူမသည် သတင်းထောက်များ၏ အင်တာဗျူးများကို အေးအေးဆေးဆေး လက်ခံဖြေကြားကာ၊ သူမကို ချီးမွမ်းသမျှကို အသိအမှတ်ပြုလျက်ရှိသည်။

"မစ္စ လုယွင်လွင်"သတင်းထောက်တစ်ဦးက တမင်တကာ ခက်ခဲစေမည့် မေးခွန်းမျိုးကိုမေးလိုက်သည်။
"မင်း တီထွင်တဲ့ဆေးက လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးမပြုဘူးလို့ တွေးမိပါသလား။ အိုမီဂါတွေရဲ့ယှဉ်ပြိုင်လိုစိတ်က မျိုးပွားဖို့တစ်ခုထဲအပေါ်မှာဘဲရှိတာလေ၊ သူတို့ကို လူ့အဖွဲ့အစည်းထဲဝင်ပြီး ယှဉ်ပြိုင်စေတာက မတရားရာ မကျဘူးလား"

You've reached the end of published parts.

⏰ Last updated: Jul 28, 2023 ⏰

Add this story to your Library to get notified about new parts!

'အယ်လ်ဖာ'မဖြစ်ချင်တဲ့ အယ်လ်ဖာ(မြန်မာ ဘာသာပြန်) Where stories live. Discover now