Chapter : 15

6.7K 1.2K 170
                                    

Unicode

ရှောင်လီ့ရဲ့ သေးငယ်ပြီးဖြောင့်တန်းတဲ့နောက်ကျောက အေးစက်သွားလေတယ်။ အဲ့ဒီလူက သူ့ပုခုံးကိုဖိထားပြီး အဲ့အကွာအဝေးအတိုင်းပဲ နေနေတယ်။ နောက် သူထိုင်ချလိုက်ပြီး တံခါးလက်ကိုင်ပေါ်က ရှောင်လီ့ရဲ့လက်ကို ဆွဲလိုက်တယ်။
"အခု အထဲဝင်ဖို့ အချိန်မကျသေးဘူး"

သူ့အသံက ညှင်သာနေပြီး ရန်လိုတဲ့အသံတစ်စိုးတစ်စိမှာ မပါဝင်ဘူး။ အဲ့ဒါက 'အန္တရာယ်ကင်းတယ်'လို့တောင် ဖော်ပြနိုင်တယ်။ သို့သော်လည်း ဒီလူရဲ့အသွင်အပြင်ပေါ်ပေါက်လာပြီးတဲ့နောက် ဒီနေရာမှာရှိနေတဲ့ မွန်းကြပ်စရာကောင်းတဲ့အမှောင်ထုဟာ ရပ်တန့်သွားပြီး ပျောက်ကွယ်သွားတာကို ရှောင်လီ သတိပြုလိုက်မိတယ်။ ဒီလူက လူလား သရဲလား?

ရှောင်လီက ပုခုံးကိုရွှေ့လိုက်ပြီး အဲ့ဒီလူရဲ့မျက်နှာကိုကြည့်ဖို့နောက်လှည့်လိုက်ချင်ပေမယ့် အဲ့ဒီလူက သူ့ကို သက်တောင့်သက်သာပဲ အဲ့နေရာမှာတင် ကိုင်ထားတယ်။ နောက်ဆုံး သူ့အကြံကို လက်လျော့လိုက်ပြီး မေးလိုက်တယ်။
"ခင်ဗျားက ဘယ်သူလဲ?"

သူက ဒီသင်ကြားရေးဌာနက ဌာနမှူးလား? ဒါမှမဟုတ် စိတ်ဖောက်ပြန်သွားတဲ့ ဂျီးနီးယပ်စ် သိပ္ပံပညာရှင်လား? သူက ကလေးတွေကို ရှာနေတာလား? လူငယ်လေးရဲ့ ကြည်လင်ပြတ်သားတဲ့ မူလအသံဟာ အခုတော့ အနည်းငယ်ကလေးဆန်နေပြီး အလွန်ကို ငယ်ရွယ်တဲ့အသံ ပေါက်နေတယ်။

လူကြီးက ရယ်တယ်။ "လျှို့ဝှက်ချက်"

ရှောင်လီက ဒီလူရဲ့သရုပ်မှန်ကို သတိရှိစွာပဲ မှန်းဆနေတယ်။ လူလား? သူအရင်က ကြုံခဲ့ဖူးတဲ့ သရဲတွေက တတ်ကြွပြီး ပြန်တုန့်ပြန်တတ်တဲ့ပုံလည်း ပေါက်မနေပါဘူး။ သို့သော်လည်း လူဆိုရင်ရော ဒီလူက ဘယ်သူကြီးလဲ?

သူ့နောက်က လူက သူ့ကိုထပ်မေးတယ်။
"အခု ပြောပါဦးကလေးလေး။ မင်းဒီမှာနေတာလား?"

'ကလေးလေး'ဆိုတဲ့ အခေါ်အဝေါ်နဲ့ပတ်သတ်ပြီး မရေမရာခံစားနေရလို့ တစ်ဖက်လူက ခတ္တရပ်တန့်သွားတယ်။ လတ်တလော ရှောင်လီရဲ့ အရပ်က တစ်ဖက်လူရဲ့ ခါးလောက်သာသာပဲ ရှိနေတယ်။ လွတ်မြောက်မယ့်လမ်းမရှိတာကြောင့် သူလိုက်ပါ ကစားရတော့တယ်။
"ဟုတ်ကဲ့"

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now