149: Vol 13: 7

2.8K 657 8
                                    

Unicode

ဟိုတယ်ရဲ့ တစ်ဖက်အဆုံးမှာ ကူးပြောင်းဝင်ရောက်သူတွေ အောက်မှာရောက်နေတုန်း အချို့လူတွေက သူတို့အခန်းထဲမှာ ပုန်းနေပြီး ထွက်မလာခဲ့ပေ။ တချို့လူတွေက တမင်သက်သက် အခန်းထဲမှာနေနေတာဖြစ်ပြီး တချို့လူတွေကတော့ အခန်းထဲမှာနေဖို့ တွန်းအားပေးခံရတာဖြစ်တယ်။ ဥပမာ ဝေနင်လိုပေါ့။

ပရိုဂရမ်မာတစ်ယောက်အဖြစ်နဲ့ သူက အသက်သိပ်မကြီးသေးပါဘူး။ သူက အချိန်ပိုနဲ့ စားပွဲမှာကြာရှည်စွာထိုင်လုပ်ရတာကြောင့် တဖြည်းဖြည်းနဲ့ ဆံပင်တွေကျွတ်ကာ ထိပ်ပြောင်ဖြစ်နေတယ်။

နဂိုတုန်းက သူဟာ ခေါင်းဆောင်ကို စိတ်ကျေနပ်စေလိုတာကြောင့် လင်းရှီတောင်မှာ လာကစားဖို့ အဆိုပြုခဲ့တယ်။ ဒီလိုထူးဆန်းတဲ့အရာတွေနဲ့ ကြုံတွေ့ရမယ်လို့ ဘယ်သူက သိမှာလဲ? ဒါက ဝေနင်ကို ထိတ်လန့်ခြောက်ခြားစေတယ်။ ဒီအကြံဉာဏ်ကို ပထမဆုံးပေးသူက သူဖြစ်ပြီးတော့ ဥက္ကဌဟူက နောက်ဆုံးဆုံးဖြတ်ချက်ချခဲ့တာပင်။

ဝေနင်က ဇာတ်လမ်းဇာတ်ကောင်ဖြစ်ပြီး အရင်တုန်းက သရဲနဲ့ တစ်ခါမှမကြုံဆုံခဲ့ဖူးဘူး။ သူက ကူးပြောင်းဝင်ရောက်သူတွေလိုမျိုး သရဲတွေကို နက်နက်နဲနဲ နားမလည်ပါဘူး။ အဲ့ဒါကြောင့် သူ ကြောက်နေသော်လည်း ပိုက်ဆံကိုတော့ ပထမဦးစားပေးအဖြစ် သတ်မှတ်ထားဆဲ ဖြစ်တယ်။

ဥက္ကဌဟူက သူ့ကို ဒုက္ခပေးမှာကို သူ ကြောက်နေပြီးတော့ သူ့အမှားအတွက် ပြန်ပြင်ဆင်ဖို့ အကောင်းဆုံး ကြိုးစားနေတယ်။

နေ့လည်စာနှင့် ညစာက ဘယ်ကနေမှန်းမသိ ပေါ်လာတယ်။ အလောင်းက စတိုခန်းထဲမှာပဲ ရှိနေပေမယ့် 'တိုက်ဆိုင်မှုတွေ' ဖြစ်နေမှာကြောက်လို့ ဝေနင်က မစားရဲပါဘူး။ နောက်ဖေးခြံဝင်းထဲက အသီးတွေကိုယူလာပြီး စားဖို့ ပထမဆုံးအကြံပြုခဲ့တဲ့လူက သူပါပဲ။

ဝေနင်က ဥက္ကဌဟူကိုကူညီပြီး အသီးတွေ အများကြီး ခူးပေးခဲ့တယ်။ အသီးတွေ 'အဆိပ်' ရှိမရှိစမ်းဖို့ သူက ပထမဆုံး သတ္တိရှိရှိစားခဲ့တဲ့လူပါပဲ။ သူက အသီးကိုစမ်းစားကြည့်ပြီးနောက် လူတိုင်းကို ပေးခဲ့တယ်။ ရလာဒ်အနေနဲ့ သူက ကျင့်သားမရစွာပဲ တခြားလူတွေအားလုံး အဆင်ပြေနေချိန်မှာ သူကတော့ ဝမ်းလျှောနေခဲ့တယ်။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now