156: Vol 13: 14

2.7K 667 12
                                    


Unicode

အေဘယ်လ်ရဲ့အခန်းတံခါး ကန်ဖွင့်ခံလိုက်ရတဲ့အခိုက်အတန့်မှာပဲ ရှောင်လီက အသံလာရာဆီကို ပြေးတတ်လာတယ်။ သူက လှေကားမှာ အချိန်အတော်ကြာစောင့်နေပေမယ့် တံခါးကို ကန်ဖွင့်လိုက်တဲ့အသံထွက်လာချိန်ထိ တခြား ဘာသံမှာ မကြားခဲ့ရပါဘူး။

ကော်ရစ်ဒါက အတော်လေးမှောင်နေပြီး ဘာအလင်းရောင်မှ မရှိပေ။ ရှောင်လီက အဝါရောင်စာအုပ်လေးထဲမှာ စာရေးလိုက်တော့ မီးလုံးတစ္ဆေက အထဲကနေ ထွက်လာတယ်။ ၎င်းက လှုပ်ခါပြီး လေထုထဲလွင့်မျောကာ ပတ်ပတ်လည်ကို မီးထွန်းလင်းသွားစေတယ်။

သူ ရောက်လာတဲ့အချိန်မှာ အခန်းဟာ အလွတ်ကြီး ဖြစ်နေနှင့်ပါပြီ။ အခန်းထဲမှာ အေဘယ်လ်ရဲ့အလောင်းသာလျှင် ပြူးကျယ်တဲ့မျက်လုံးတွေနဲ့ လဲကျနေတယ်။ နတ်ဆိုးဝိဥာဉ်က သူ့မျက်နှာကို ပြောင်းလဲသွားဖို့ အချိန်မရလိုက်တာကြောင့် မျက်နှာပေါ်မှာ အံ့ဩထိတ်လန့်တဲ့ပုံ ပေါ်နေတယ်။

ရှောင်လီ့အကြည့်တွေက အလောင်းပေါ် ဖြတ်ပြေးသွားတယ်။ ထို့နောက် သူ တံခါးပိတ်ကာ ကော်ရစ်ဒါကို ကြည့်လိုက်တယ်။ အမှောင်ထုက နက်ရှိုင်းနေပေမယ့် အရိပ်တစ်ခုက သူ့နားကနေ လျှင်မြန်စွာ လွင့်မျောသွားတယ်။

ရှောင်လီက ဒါကို မျက်လုံးထောင့်ကနေမြင်လိုက်ရပြီး သူ့ခေါင်းကို အမြန်လှည့်ကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ နတ်ဆိုးဝိဥာဉ်ကောင်ရဲ့နောက်ကျောဟာ လျှင်မြန်စွာပဲ ထောင့်ကိုကွေ့သွားပြီး သူ့မြင်ကွင်းအောက်ကနေ ပျောက်ကွယ်သွားတယ်။ သို့သော်လည်း မီးလုံးတစ္ဆေက ၎င်းရဲ့နောက်ကျောဘက်တစ်ဝက်လောက်ကို မီးပြပေးလိုက်နိုင်တယ်။

တစ္ဆေရဲ့ဆံပင်ကရှည်လျားပြီး ပိုနီတေးလ်ပုံ စည်းထားတယ်။ နံရံပေါ်မှာ ဖြတ်ခနဲ့ အရိပ်ထင်သွားတဲ့ ပိုနီတေးလ်ဆံပင်က အိမ်ရဲ့ထုတ်တန်းပေါ်ကနေ တွဲလောင်းခိုနေတဲ့ အလောင်းကောင်လိုပဲ။ အဲ့ဒါက တကယ်ပဲ အမျိုးသမီးဖြစ်နေတာကိုး...

အရိပ်က သိပ်ပြီး မရှည်လျားတာက ရှု့ထောင့်ကြောင့်ဖြစ်နိင်တယ်။ အဲ့ဒါက နံရံရဲ့တစ်ဝက်လောက်ထိပဲ ရှိတယ်။ ရှောင်လီက နတ်ဆိုးဝိဥာဉ်ပျောက်ကွယ်သွားတဲ့နေရာကို ပြေးလိုက်ဖမ်းတယ်။ အဲ့ဒီမှာ လှေကားရှိနေတာဖြစ်ပြီး နတ်ဆိုးဝိဥာဉ်က အောက်ဆင်းသွားတယ်။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now