@Sherlock bot & @Moriarty bot

5.5K 759 23
                                        

Unicode

စာရေးသူမှာ ပြောစရာရှိတယ် :

နောက်ထပ် ကြေညာတစ်ခုကို မျှဝေပါမယ်။

အခုနောက်ပိုင်း သရဲတစ္ဆေကမ္ဘာမှာ Weibo အကောင့်နှစ်ခုက ပေါ်ပြူလာ ဖြစ်နေပါတယ်။ အဲ့ဒါတွေက :
@Sherlock botကို ပြောပေးပါ
@Moriarty botကို ပြောပေးပါ

ပံ့ပိုးကူညီမှုများပြုလုပ်ရန်နှင့် သင့်ဇာတ်လမ်းများ မျှဝေရန် ကြိုဆိုပါတယ်။ ဆက်လက်ပြီး ဒီနေ့ရဲ့ကူညီပံ့ပိုးမှုများကို သင်တို့အတွက် ထုတ်ပြန်ပါမယ်။

ကျွန်တော်တို့ရဲ့ ပထမဆုံးတင်ပြမှုကတော့ အမည်မဖော်လိုတဲ့ miss Mary ဆီက ဖြစ်ပါတယ် ခင်ဗျား။

[@Sherlock botကို ပြောပေးပါ။ ရှားလော့ မင်းငါ့ကို နောက်ထပ် ထပ်မခေါ်ဖို့ မျှော်လင့်တယ်။ မင်းငါ့ကို ဆင့်ခေါ်ချင်တယ်ဆိုရင် တန်ဖိုးကြီးဇိမ်ခံသွေးရေကူးကန်နဲ့ ထိပ်တန်းအတင့်မှော်ဖယောင်းတိုင်ကို အသုံးပြုဖို့ ငါမင်းကို တောင်းဆိုချင်တယ်။ ရုပ်ဆိုးတဲ့မွေးနေ့ဖယောင်းတိုင်နဲ့ QAQ အမူအရာကို ထပ်မသုံးတော့ဖို့ မျှော်လင့်တယ်။ ဒီလိုနည်းလမ်းနဲ့ဆို ငါ့ကို တွန်းအားပေးတုန့်ပြန်ခိုင်းတယ်လို့ မင်းခံစားရမှာ မဟုတ်တော့ဘူးပေါ့။ မင်း သိထားဖို့လိုတာက ဒီနတ်ဆိုးဝိဥာဉ်က အသုံးအဖြုန်းကြီးတဲ့ရှိုးပွဲကို တကယ့်ကိုဂရုစိုက်တယ် ဆိုတာပါပဲ။]

**********

@Sherlock botကို ပြောပေးပါ : ဒုတိယ ပံ့ပိုးကူညီမှုကို update လုပ်ပေးပါ့မယ်။ ဒီပံ့ပိုးကူညီမှုက ကမ္ဘာ့အကျော်ကြားဆုံး နတ်ဆိုးဝိဥာဉ်ဆီက ဖြစ်ပါတယ်။

[@Sherlock botကို ပြောပေးပါ။ ကျေးဇူးတင်ပါတယ်။ ပထမ အဆိုပြုချက်ကို ဖတ်ပြီးတဲ့နောက် ငါ နည်းနည်းတော့ စိုးရိမ်နေတယ်။ ငါက မစ္စတာရှကို ပြောချင်တာလေး ရှိလို့ပါ။ "ကြက်ကို နွားသတ်ဓါးနဲ့သတ်တယ်'ဆိုတဲ့ အဓိပ္ပါယ်ကို မင်း မသိဘူးလား? ငါက ကြီးမြတ်တဲ့ ရှေ့ဖြစ်ဟောသူပါ။ ငါ့နာမည်မှာ 'ဘောပင်'ဆိုတဲ့ စကားလုံးပါနေပေမယ့် ငါက မော်တော်ကားလောင်စာဖြည့်တဲ့စက် မဟုတ်ပါဘူး။ ငါက အဆင့်မြင့် ရှေ့ဖြစ်ဟော တာကိုပဲ လုပ်နိုင်တယ်။ နောက်တစ်ခါတော့ ခြွင်းချက်ဆိုတာမျိုး ငါ လုပ်တော့မှာ မဟုတ်ဘူး။]

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now