116 (Vol 11: 2)

5K 915 52
                                    

Unicode

လူငယ်လေးရဲ့ဘေးတိုက်ပုံရိပ်က ဟိုတယ်ဝန်ထမ်းနောက်ကိုလိုက်သွားပြီး ဓါတ်လှေကားထဲဝင်ရောက် ပျောက်ကွယ်သွားတယ်။

"Moriarty?" 
ရှောင်လီရဲ့ မျက်လုံးမှာ တစ်ခုခုမှားနေတာကို ဟောလ် က မြင်ပြီး ဟိုတယ်ထဲသို့ လှမ်းကြည့်လိုက်ပေမယ့်  အာရုံစူးစိုက်ရမယ့် ဘယ်အရာကိုမှ မတွေ့ခဲ့ပါဘူး။

ရှောင်လီက သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းပြီး ဖြေလိုက်တယ်။
"တကယ့်ကမ္ဘာက အသိအကျွမ်းနဲ့တူတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရလို့"

ရှယ်ကျယ်ချင်းက ကြားဖြတ်ပြောလိုက်တယ်။
"အဲဒါက ပုံစံတူဖြစ်ရမယ်။  သာမာန်လူတွေကို ပုံတူကမ္ဘာထဲကို ဆွဲသွင်းမှာ မဟုတ်ပါဘူး။  မင်းသူငယ်ချင်းက ဖြတ်သွားဖြတ်လာ ရုပ်မျိုးလား"

အတိအကျပြောရလျှင် ရှန်ချန်ကျီးရဲ့အသွင်အပြင်ဟာ ဖြတ်သွားဖြတ်လာတစ်ဦးနှင့် ဆန့်ကျင်ဘက်ဖြစ်တယ်။  ဒါတောင် ရှောင်လီက တစ်ဖက်လူကို ရှင်းမပြဘဲ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်တယ်။ 
"ဖြစ်နိုင်ပါတယ်"

ရှယ်ကျယ်ချင်းက သူ့ကိုပြောတယ်။
"ဘေးကင်းဖို့ အချိန်နည်းနည်းပဲ ကျန်တော့တယ်။  တာဝန်ကိစ္စ ဆွေးနွေးသင့်ပြီး မင်းရဲ့ ဖြတ်သွားဖြတ်လာ သူငယ်ချင်းအကြောင်း မစဉ်းစားနဲ့တော့"

အဲ့ဒါကြောင့် ခေါင်းစဉ်က ပြောင်းသွားတယ်။  သူက ရှောင်လီထံမှ တုံ့ပြန်မှုမရခဲ့သလို ထပ်လည်းမမေးတော့ဘူး။  နောက်ဆုံးတော့ အရာအားလုံးက တာဝန်နဲ့ပတ်သက်တာတွေချည်းပါပဲ။

ရီကိုက တာဝန်စာအုပ်ပေါ်ရှိ ပထမဆုံးအကြောင်းအရာအား လက်ညှိုးထိုးပြပြီး အင်္ဂလိပ်လို တစ်ဝက်တစ်ပျက်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလေတယ်။
"ပထမတာဝန်က အရမ်းထူးဆန်းတယ်။  တာဝန်ရဲ့အမှန်တရားကို ခုနှစ်ရက်အတွင်း အတည်ပြုဖို့နှင့် စိစစ်အတည်ပြုဖို့အတွက် အခန်းထဲဝင်ဖို့လည်း လိုအပ်တယ်။  အရမ်းကိုသိသာထင်ရှားတဲ့ ဟာကွက်ကြီးတစ်ခု ရှိနေတာ မဟုတ်ဘူးလား? အခန်းထဲဝင်မှတော့ သရဲတစ္ဆေနဲ့ တွေ့ဆုံရပြီး ထူးဆန်းဇာတ်လမ်းရဲ့ အမှန်တရားကို သက်သေပြဖို့လုံလောက်နေပြီလေ။  ဒါက အရမ်းရိုးရှင်းတယ်မဟုတ်လား?"

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now