135: Vol 12: 6

3.6K 774 35
                                    

Unicode

ရှောင်လီက ရုပ်ထုရဲ့မျက်နှာကို ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တယ်။

ရေပန်းရုပ်ထုမှာ နဂိုထဲက ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ အရုပ်လေးနဲ့ တူလေတယ်။ သူ့မျက်လုံးတွေက အရှေ့တံခါးကို မျက်နှာမူထားခဲ့ပေမယ့် ဒီအချိန်မှာတော့ သူက ရှောင်လီရဲ့ဦးတည်ရာကို ကြည့်နေပုံပေါက်တယ်။ သူ့ရဲ့အနေအထားက မမှန်တာကို တွေ့ရှိလိုက်ရတော့ မျက်တောင်တစ်ချက်ခတ်ပြီး သူ အရှေ့ကို ပြန်သွားလိုက်တယ်။

ရှောင်လီက ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီး ရုပ်ထုရဲ့မျက်နှာကို ဓါတ်မီးနဲ့ တိုက်ရိုက်ထိုးကာ ရုပ်ထုကို နှံ့နှံ့စပ်စပ်ကြည့်နေတယ်။ ရှယ်ကျယ်ချင်းက ရေပန်းဆီက ရုပ်ထုကို ကြည့်လိုက်တယ်။
"သူ့ဆီမှာ သရဲကို သတိမပြုမိဘူး..."

ရှောင်လီက ထပ်ပေါင်းပြောလိုက်တယ်။ "မင်း ဝူကုန်းဆီက သရဲကိုလည်း သတိမပြုမိခဲ့ဘူး"

ရှယ်ကျယ်ချင်းက အနည်းငယ် စူးကနဲ့နာကျင်သွားတယ်။
"တချို့သရဲတွေမှာ အထူးစွမ်းရည်တွေ ရှိကြတယ်။ သူတို့တွေ တမင်တကာ သူတို့ရဲ့တည်ရှိမှုကို ထုတ်မပြမချင်း သူတို့ရဲ့အသက်ရှုသံကို ငါ တကယ်မမြင်နိုင်ဘူး"

ထပ်ပေါင်းပြောရရင် သူက ရှောင်လီ့ကို မှီခိုနေတာ အကျင့်ဖြစ်နေပြီး ဝူကုန်းကို စစ်ဆေးဖို့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကို အသုံးမပြုခဲ့ပါဘူး။ လူသားတွေက အသားကျလွယ်တဲ့ သတ္တဝါတွေပါပဲ။ သူတို့တွေ မှီခိုလို့ရမယ့်လူတစ်ယောက်တွေ့တာနဲ့ သူတို့တွေက တစ်ဖက်ခြမ်းကနေ တွေးတောဖို့ကို စွန့်လွှတ်လိုက်ဖို့ အလွယ်တကူပဲ ရွေးချယ်လိုက်ကြတာပဲ။

ရှောင်လီက ရေပန်းရုပ်ထုကို ဆက်ပြီး ကြည့်နေတယ်။ ကျန်းရီက အသေးစိတ်ကိုနားမလည်ပေမယ့် ရှယ်ကျယ်ချင်းတစ်ယောက် ထိုးနှက်ခံရတယ်ဆိုတာကိုတော့ ခံစားမိတယ်။ အဲ့ဒါကြောင့် သူ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်တယ်။ အဲ့ဒါက ရှောင်လီ့ရဲ့ အထင်မှားမှုလားတော့မသိပေမယ့် သူ စောင့်ကြည့်နေရင်း အဲ့ဒီရုပ်ထုရဲ့ဆီးတွေက-အာ မဟုတ်ပါဘူး၊ အဲ့ဒီရေပန်းကရေတွေက ပိုပြီးပြင်းထန်လာသလိုပဲ။ ရေက စောနတုန်းကထပ် ပိုပြီး ပျစ်လာသလိုပဲ။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now