💛နွေဦးရဲ့ Dandelionsတွေက ပို‌ေမှာ်ဆန်တယ်ထင်ပါရဲ့💛

52 5 0
                                    

မဆုံချင်တဲ့လူနဲ့မှ နောက်တကြိမ်တွေ့ဆုံခြင်းက ဘယ်လုိ‌ေရစက်ပါလိမ့်။

"Hyung ....Hyung... သတိထားပါဦး အဆောင် ပြန်ရဦးမယ်လေ"

Jiminသည် Hoseokie Hyungကို အတင်းလှုပ်နှိုးကာ အိမ်ပြန်ဖို့ပြောတော့

"ဟင်... အင်းးးး ဟာ Jiminie ပါလား ငါတို့ Jiminie လေး ချစ်စရာကောင်းတဲ့ Jiminie ဘယ်လိုရောက်လာတာလဲ ဟီး...."

Hoseokie Hyung သည် အမူးလွန်ကာ သူ့ပါးနှစ်ဖက်ကိုဆွဲဖျစ်လိုက်ပြီး ရယ်ပြသည်။ထို့နောက် ပြန်မှောက်သွားပြန်သည်။
Jiminသည် Hyung နဲ့ခင်လာတဲ့တစ်လျှောက် တခါမှ ခု‌လို‌ေမှာက်‌‌ေအာင် သောက်တာ မမြင်ဖူး၍်လည်း အံ့ဩ‌ရသည်။ အရင်က သောက်တာတွေ့ဖူးပေမဲ့ Hyungသည် limitထား သောက်ကာ အခန်းပြန်ရောက်အောင် အိပ်တတ်သူပင်။ထိုစဉ် တဖက်မှ

"Hyung ဒီလောက်မူးနေတာ နှိုးလည်း အပိုပဲဖြစ်မယ် အိမ်က ဘယ်မှာလဲဆုိတာသာ ပြော ကိုယ်လိုက်ပို့ပေးမယ် Hyung နေတာက ဒီအနီးတစ်ဝုိက်မှာဆိုတာတော့ သိတယ်"

မတွေ့ချင်တဲ့လူနဲ့ ဒီနေ့တွင်ပဲ ဒုတိယအကြိမ်ဆုံမိသည်မို့ Jimin သည် ကိုယ့်အဖြစ်ကို ကိုယ်ပြန်ဩချရသည်။ ကံကြမ္မာက ဒီလိုလူနဲ့ ဘယ်လိုများတိုက်ဆိုင်ခွင့်ပေးထားပါလိမ့်‌။

"ပြီးတော့ ကြည့်ရတာ မနက်က ကိုယ့်စက်ဘီးနဲ့တိုက်မိထားတာမို့ မင်းခြေထောက်လည်း သိပ်အဆင်ပြေဦးမယ်မထင်ဘူး
မင်းတို့က အတူတူနေတာလား ဒါနဲ့ တစ်မျိုး‌ေတာ့ မထင်နဲ့ ကိုယ်က လိုက်ပို့ရမှာဆိုတော့ မင်း Hyung အိမ်ကိုသိလားဆိုတာ...ပြ‌ီးတော့ ကိုယ်လည်း Hyung ဖုန်းနောက်ဆုံးခေါ်ထားတဲ့နံပါတ်ကို နှိပ်ပြီးလှမ်းခေါ်လိုက်တာမို့ "

"ဒီမှာ လိုက်ပို့မှာမလား Hyung ကိုသာထမ်းလာခဲ့"

ဟု ဆိုကာ Jimin ဆိုင်ထဲကနေ အရင်ထွက်လာခဲ့နှင့်သည်။ အရပ်ရှည်သလောက် လျှာအလွန်ရှည်သောသူနဲ့ လာဆုံနေမိခြင်းရယ်ပါ။Hoseokie Hyungကို ကျောပိုးထားတဲ့ ထိုလူ ဆိုင်အပြင်ဘက် ရောက်မှသာ မိမိနေတဲ့ ရပ်ကွက်ကို သွားတဲ့လမ်းဆီဦးတည်လိုက်သည်။

"နေဦး"

နောက်ဘက်မှ ‌အသံကြောင့် Jimin မျက်ခုံးကျုံ့သွားကာ နောက်သို့ပြန်လှည့်ကြည့်လိုက်သည်။

 Dear Dandelions...Where stories live. Discover now