🍃Dandelions‌ေလးတွေ လေအဝှေ့ဝယ်🍃 part-2

28 2 0
                                    

"သား အများကြီးထည့်စားနော် ဒီနေ့ သားလာမှာမို့ မေမေကိုယ်တိုင် အများကြီးချက်ထားတာ"

"ဟုတ် မေမေ"

ဒီနေ့က မေမေနဲ့အပတ်တိုင်း တွေ့နေကျ ရက်တစ်ရက်ဆိုပေမဲ့ ခါတိုင်းလို တွေ့နေကျဆိုင်မှာတော့မဟုတ်ဘဲ အိမ်မှာပင်။ အိမ်ကြီးသည် မိသားစုသုံးယောက်အတွက် ကြီးလွန်းပေမဲ့ ဒါသည်ပင် လူကုံတန်လူချမ်းသာတို့ရဲ့ အဆောင်အယောင်တွေထဲက တစ်ခုပင်မဟုတ်ပါလား?အိမ်အကူလေးနှစ်‌ေယာက်ကတော့ ထမင်းပွဲပြင်ဆင်ပြီးတာနဲ့ သူတို့လုပ်စရာရှိတာ သွားလုပ်‌ေနကြသည်။ ထမင်းစားခန်းအလယ်မှာ မိသားစုသုံးယောက်သည် ထမင်းစားပွဲရဲ့သက်ဆိုင်ရာ‌ေနရာ‌ေတွမှာ နေရာယူထားကြပြီး Jungkookပန်းကန်ထဲကို မေမေသည် ဟင်းတွေထည့်ပေးကာ ပြုံးပြုံးလေး ဆိုလာသည်။ မေမေသည် အမြဲတမ်း အေး‌ေအးချမ်းချမ်း‌ေနတတ်သည့် အမျိုးသမီးလေးတစ်ဦးဖြစ်ကာ ဘယ်အချိန်ကြည့်ကြည့် မျက်နှာလေးမှာ ကြည်လင်နေလေသည်။

"ဘယ်အချိန်ထိ မင်းရဲ့ အရေးမပါတဲ့အိပ်မက်တွေနောက်လိုက်ပြီး အချိန်ကုန်ခံ အချိန်ဖြုန်းနေဦးမှာလဲ Jungkook? အိမ်ကိုရော ဘယ်တော့ပြန်လာနေမှာလဲ?"

ထိုစဉ် ဖခင်ဖြစ်သူထံမှ စတင်ထိုးနှောက်လာသော စကားတစ်ခွန်း။ Jungkook တစ်ယောက် ပါးစပ်နားရောက်ခါနီး ထမင်းဇွန်းကို ပြန်ချကာ

"ကျွန်တော့်အိပ်မက်တွေကို ဖေဖေ့အနေနဲ့ ဘယ်လိုသဘောထားလဲမသိပေမဲ့ ကျွန်တော့်အတွက်တော့ အရေးပါတာမို့ အရေးမပါဘူးလို့ ပြီးစလွယ်မပြောပါနဲ့ ဖေဖေ"

"ဖေကြီး...သားကို ထမင်းပြီးအောင် အရင် စားပါစေဦးလား ပြီးမှ ‌ေအး‌ေဆးပြောပါ‌လားရှင် သားက ခုမှ ပထမဦးဆုံး အိမ်ကုိ ခြေဦးပြန်ချတာလေ"

"သား Jungkook... သားလည်း ဘာမှသိပ်မတွေးဘဲ ပြီးအောင် စားနော် "

"ငါ့အနေနဲ့ အများကြီး သိပ် မပြောချင်ဘူး...ဒီနေ့ မင်းကို အိမ်ခေါ်လိုက်တယ်ဆိုတာလည်း အဲ့ကိစ္စအသိပေးချင်လို့ မင်းကို ဒီလောက်ထိ လွှတ်ပေးထားရင် တော်ရောပေါ့ မင်းရဲ့ရေစာမပါတာတွေ ရပ်တန်းက ရပ်ပြီး နောက်နေ့ကစ ပြန်လာပြီး ငါ့companyမှာ အလုပ်စဝင်တာ မြင်ချင်တယ် "

 Dear Dandelions...Where stories live. Discover now