နောက်နေ့တွေမှာ ကျွန်တော်တစ်ယောက် Dandelionsတွေဆီ အပူကပ်ရတော့မယ်ထင်ပါရဲ့

39 5 0
                                    

LA မှပြန်လာခဲ့ပြီးနောက် Jimin ရဲ့အခန်းလေးသည် canvasတွေ စုတ်တံတွေ ကာလာစုံဆေးဘူးတွေနဲ့ ပြန်လည်ပြည့်နှက်သွားကာ Jimin သည်လည်း ဒီအခန်းလေးထဲမှာပဲ အချိန်တွေကုန်ဆုံး‌ဖြစ်သည်။ Hoseokie Hyung ကတော့ LA ကအပြန် အိမ်သို့ တစ်ပတ်တိတိပြန်ပြီး မိသားစုနဲ့ အချိန်ပေးဦးမည်ဆိုကာ ပြန်သွားသည်။ ဒီနေ့နဲ့ဆုိ (၅)ရက်‌ေတာင် ရှိသွားခဲ့ပြီ။ ဒီကြားထဲ Hoseokie Hyungသည် အဆောင်ပြန်မလာခဲ့ပေမဲ့ Hyung နဲ့ သူသည် ဖုန်းဆက်ဖြစ်သည်။ Jimin သည် LAကပြန်လာအပြီး Jungkook နဲ့‌ေတာ့ နောက်ထပ် မတေ‌ွ့ဖြစ်ကြသေး။ ဘာကြောင့်လဲမေး ထပ်တွေ့စရာအကြောင်းရင်း မရှိသေး‌တာကြောင့်‌ေရာ၊Santa Monica beach ညရဲ့အဖြစ်အပျက်သည် Jimin ကို Jungkookနဲ့မျက်နှာချင်းဆိုင်ဖို့ အားအင်ပင် မရှိစေတာမုိ့။ တကယ်ဆို ဒါသည် အမှတ်တမဲ့ဖြစ်ခဲ့တာမို့ သူရော Jungkook ပါ အနေသာ။ ဒါပေမဲ့ ဘာလို့များ သူ့အနေနဲ့ ရိုးသားပါတယ်လို့မတွေးနိုင်ဘဲ Jungkook ကို မျက်နှာချင်းမဆိုင်ရဲသလဲ?  အတွေးတွေသည် အဲ့နေရာရောက်သွားတာနဲ့ ရှေ့ဆက်မတိုးတော့ဘဲ ဦးနှောက်က အလိုလိုအချက်ပြသည်။ နှလုံးသားတစ်စုံရဲ့စကားကို လက်ခံစဥ်းစားပေးဖို့ ဦးနှောက်သည် Jiminထံတွင် ပါမလာခဲ့လေသလား? ခုချိန်မှာ စိတ်ရှုပ်စရာမခံနိုင်တဲ့သူ့အဖို့ ထွက်ပေါက်တစ်ခုသည် canvas တွေအပေါ် ကာလာစုံဆေးစက်တွေချပြီး ပုံဖော်ရေးဆွဲနေရခြင်းက အကောင်းဆုံး‌ပဲဖြစ်လိမ့်မည်။ ဒါကြောင့် Jimin တစ်ယောက် အပြင်သိပ်မထွက်ဖြစ်ဘဲ အခန်းလေးထဲမှာပဲ ပန်းချီကားတွေနဲ့ အချိန်ကုန်ဆုံးနေလိုက်သည်။

တစ်ဖက်က သူ့အတွေးနဲ့သူ အဆင်ပြေနေသည်ထင်ရသော်လည်း အခြားတစ်ဖက်က လူတစ်ယောက်မှာ‌ေတာ့ LAက ပြန်လာပြီးတည်းက အတွေးမျိုးစုံနဲ့ အဆင်မပြေ‌ေသး။ LAခရီးစဉ်သည် သူ့အပေါ် ထင်မှတ်မထားတဲ့ပြောင်းလဲမှုတွေ တကယ်ကြီး သယ်ဆောင်လာ‌ေပးခဲ့တာလား? Jungkook သည် မေးခွန်းတွေကြား အဖြေထုတ်ရခက်ကာ ခုချိန်ထိလည်း ဝေခွဲမရ။ သူသည် Jimin Hyung အပေါ် မရိုးသားတဲ့စိတ်ခံစားမှုတွေရှိနေခဲ့တာလား သူကိုယ်တိုင်တောင် သတိမထားမိလုိက်ဘဲလေ? ဘယ်အချိန်တည်းကလဲ မေးရင်တော့ Jungkook အတွက် ဖြေစရာစကားလုံးသည် ခုထိ ရှာမတွေ့။ ပထမဆုံး မထင်မှတ်ဘဲ စတွေ့ခဲ့တဲ့နေ့ကလား? Dandelion ပန်း‌တွေအပေါ် သိပ်မြတ်နိုးတဲ့ ကောင်လေးတစ်ယောက်လို့ သိလိုက်ရတ‌ဲ့အချိန်များလား? ဒါမှမဟုတ် LAခရီးစဉ်သည် သူ့ရင်ခုန်သံတွေကို စတင်အသက်ဝင်စေခဲ့တာလား? စဉ်းစားရင်း ခေါင်းရှုပ်လာတာကြောင့် Jungkook သည် စက်ဘီးစီး‌ေနရင်း ခေါင်း‌ေလးပင် ယမ်းမိသွားသည်။ ထို့ကြောင့် စက်ဘီးလေးသည်ပင် ရှေ့ကခဲလုံးတက်နင်းမိကာ နွေဦးရဲ့ လေအဝှေ့မှာ ရွက်ကြွေတွေနဲ့အတူ အပေါ်ကုိ အနည်းငယ်မြင့်တက်သွားရှာ‌ေတာ့သည်။  ဒီတော့မှ Jungkook လည်း အသိဝင်လာကာ  ပို့စရာကျန်တဲ့ Deli များကို customerများဆီ အရောက်ပို့နိုင်ဖို့ ခြေနင်းလေးကို အားထည့်နင်းလိုက်တော့သည်။
Deli ပို့ခြင်းအလုပ်ပြီးတာနဲ့ အလုပ်ဆင်းကာ Jungkookသည် တိုက်ခန်းပြန်လာခဲ့သည်။ LAကနေ ပြန်ရောက်တာ ဒီနေ့နဲ့ဆို (၅)ရက်ပင်ရှိပြီ။ ပြိုင်ပွဲပြီးသွားပြီးတည်းက အကနဲ့ပတ်သက်တဲ့ပွဲတွေ  မရှိသေးပေမဲ့ dance classကိုတော့ Jungkook သည် သွားမြဲအတိုင်း သွားကသည်။ အထူးသဖြင့် လူသိပ်မရှိမဲ့ ညနေခင်းအချိန်တွေ။ သင်တန်းသားတွေ တစ်ယောက်နှစ်ယောက်စကလွဲ သိပ်မရှိတော့တာဖြစ်တဲ့အတွက် အဲ့အချိန်သည် Jungkook တစ်ယောက်တည်း လွတ်လပ်လပ် စိတ်ရှိတိုင်း ကလို့ကောင်းသည်။ ဒီနေ့ညနေလည်း Jungkook စိတ်ထဲမွန်းကြပ်သမျှကို Dance Hallထဲမှာ စိတ်ကြိုက်ကဲမည်။ ဒါကြောင့် အလုပ်ကအပြန် ရေမိုးချိုး ပြင်ပြီးတာနဲ့ အကသင်တန်းဆီ ထွက်လာခဲ့သည်။ ရောက်တော့ သင်တန်းသားအချို့သည် ပြန်ဖို့ သူ့ကိုနှုတ်ဆက်လာတာမို့ ဒီနေ့သည် Jungkook တစ်ယောက်တည်း အေး‌ေဆးကလို့ ပိုအဆင်ပြေသွားသည်။ Jungkook လည်း ပြုံးပြနှုတ်ဆက်ပြီးတာနဲ့ ကဖို့အတွက် အဝတ်အစားလဲကာ dance hall ထဲ နေရာယူလိုက်သည်။ သူ့တစ်ကိုယ်လုံးပေါ်နေတဲ့ ရှေ့ကမှန်ပြင်ကြီးကို ကြည့်ပြီး  Troye Sivanရဲ့ Youth သီချင်းသံစတာနဲ့ Jungkook သည် ကကွက်တွေကို စတင်လှုပ်ရှားလိုက်တော့သည်။ အကသည် သူ့အိပ်မက်လည်းဟုတ်သလို ခုလိုစိတ်ဖိစီးစရာတွေရဲ့ အကောင်းဆုံးထွက်ပေါက်တစ်ခု။ ကရင်းနဲ့ Jungkook သည် မောနေပေမဲ့ မရပ်တန့်မိ။ ဆက်၍သာ repeatလုပ်ပြီး ထပ်ကနေမိသည်။ သူ့ခန္ဓာကိုယ်သည် မောပန်းလာနေပေမဲ့ ဦးနှောက်ကတော့ ခုချိန်ထိ ရပ်တန့်ဖို့ သတိမပေး။ ရေကုန်ရေခမ်း ကပြီးနောက်တွင်တော့ Jungkook သည် ကြမ်းပြင်ပေါ် ပစ်လှဲချလိုက်တော့သည်။ ခေါင်းပေါ်က ချွေးစတွေကလည်း မျက်နှာထက်ကနေ လည်ပင်းနားတစ်ဝှိုက်အထိ စီးဆင်း‌လာသည်။ ဘာလို့များ ကနေပေမဲ့ အတွေးတွေက အကမှာမရှိပဲ တစ်ယောက်သော သူဆီမှာပဲ ရှိနေခဲ့တာလဲ? သေလောက်အောင် မောဟုိက်ပင်ပန်းနေပေမဲ့ ရင်ထဲက ခံစားနေရတာတွေသည် တစ်ချက်လေးမှပေါ့မသွားခဲ့။ ဘာလို့များ အတွေးတွေအားလုံးကုိ သူ့က စိုးမိုးထားခဲ့တာလဲ? မိန်းကလေးများစွာ တွေ့ဖူးခဲ့ပေမဲ့ တစ်ချက်ကလေးမှ မခုန်ခဲ့ဘူးတဲ့ ဒီနှလုံးသားက သူနဲ့ကျမှ ပရမ်းပတာ အပြင်ထွက်ကျမတတ်ခုန်နေသတဲ့။ အလိုက်မသိတဲ့သူ့နှလုံးသားက မိန်းကလေးတစ်ယောက်မဟုတ်တဲ့ ယောင်္ကျားလေးတစ်ယောက်ပေါ်မှ စတင်သက်ဝင်လာခဲ့သတဲ့လား? LAကပြန်လာပြီးနောက်ပိုင်း Jungkook တစ်ယောက် Hoseok Hyungသည် အိမ်ပြန်သွားသည်ဖြစ်၍  Jimin Hyungနဲ့ မဆက်သွယ်ဖြစ်၊ မတွေ့ဖြစ်ကြသလုိ Jimin Hyung သည် ပြန်လာတည်းက သူ့အပေါ် ‌စိမ်းသက်သွားသလို ခံစားမိသည်။ ဟိုမှာဖြစ်ခဲ့တာအတွက်  Jimin Hyungသည် သူ့အပေါ် ခုလိုပြုမူနေလားမပြောတတ်ပေမဲ့ Jungkook သည် အဲ့ဒီအပေါ် တွင် မနေတတ်။ Jungkook ကိုယ်တိုင်ကပင် ပိုမုိကဲသဲမိတာလည်းဖြစ်နိုင်ပါသည်။ တကယ်ဆို Jimin Hyung နဲ့သူသည် သူငယ်ချင်းတွေဆိုပေသိ ခင်မင်တာ သိပ်မကြာသေးသလို ဆက်ဆံရေးအဆင်ပြေလာခဲ့တာလည်း LAရောက်မှမလား? အဲ့တော့ ခုလိုအခြေအနေသည် အခြားလူတွေအတွက်တော့ ပုံမှန်အ‌ခြေအနေတစ်ခုမျှသာ။ မူမမှန်တဲ့ Jeon Jungkookသည်သာလျှင်  မတွေ့ရက်တဲ့ရက်တွေမှာ အရူးမီးဝိုင်းသကဲ့သို့ တစ်ယောက်ထဲ အတွေးမျိုးစုံနဲ့ ချာလပတ်ရမ်းနေခဲ့သည်။ ဒါကို အချစ်လို့ခေါင်းစဉ်တပ်ရင်ရော Jungkook သည် အချစ်ကို စတင်ခံစားတတ်ခဲ့တာလား? သူနဲ့တွေ့တိုင်း ဖြစ်‌တတ်တဲ့ပျော်ရွှင်မှု‌၊ သာယာမှု၊ စိုးရိမ်မှု သူနဲ့မတွေ့ရတဲ့အချိန်တွေမှာ ဖြစ်‌ေပါ်လာတဲ့ ဝမ်းနည်းမှု၊ လွမ်းဆွတ်မှု ဒီအချက်တွေနဲ့တင် အချစ်လို့သတ်မှတ်မည်ဆုိရင်‌ေတာ့ သေချာသည်။ သူ Jimin Hyung ကို ချစ်မိနေပြီ! ဒီအရာကို လက်ခံဖို့ ဝေဝါးကာ ခက်ခဲနေသေးပေမဲ့ Jimin Hyung အနားမှာ ရှိနေချင်သည့် သူ့စိတ် ဒီအရာနှစ်ခုကြား ဗျာများနေရသူ Jeon Jungkook ရယ်ပါ။ တဖက်ကသူကရော သူ့လို ခံစားနေရပါမည်တဲ့လား? ဒါမှမဟုတ် သူတစ်ယောက်တည်း ကမ္ဘာပျက်နေခဲ့တာများလား? နောက်တစ်ကြိမ်ကြမ်းပြင်မှ ထကာ Jungkook သည် သီချင်းဖွင့်ပြီး ဆက်ကလိုက်သည်။

 Dear Dandelions...Wo Geschichten leben. Entdecke jetzt