💦စိုးရိမ်မိတယ် 💦

42 3 0
                                    

"ဒီက Park Jimin နေတဲ့နေရာ ဟုတ်ပါသလား"

"ဘယ်သူတွေလဲမသိဘူးခင်ဗျ"

Hoseok အဆောင်အပြင်ထွက်လာသည်နှင့် အဆောင်ရှေ့မှာ ကားတစ်စီးနဲ့ လူတစ်ယောက်သည် Jiminကို မေးလာလေသည်။

"ဟုတ်ကဲ့ ဒီက Park Jiminဆွဲတဲ့ ပန်းချီကားချပ်တွေကို ကျွန်တော်တို့သူဌေးက မြင်ပြီး သဘောကျလို့ အဲ့ဒါ ကမ်းလှမ်းချင်တာလေးရှိလို့ပါ"

Hoseok တစ်ယောက် တဖက်လူရဲ့စကားကို ကြားသည်နှင့်

"အာ ဟုတ်ကဲ့ မှန်ပါတယ် လာ အထဲကြွပါ"

Hoseokလည်း ထိုလူကို အထဲခေါ်လိုက်ပြီး Jiminအခန်းတံခါး‌ေခါက်လိုက်ကာ

"Jiminie ရေ ဧည့်သည်လာတယ်! "

"ဟုတ်ကဲ့ Hyung! လာပြီ"

ထို့နောက် Jiminသည် ခါးမှာ ဆေးစက်တွေ ပေနေတဲ့ painting apronလေးဝတ်ထားပြီး ထွက်လာ‌‌ေလသည်။

"Jiminie ဒီက ပုဂ္ဂိုလ်က မင်းရဲ့ပန်းချီနဲ့ပတ်သက်ပြီး ကမ်းလှမ်းစရာရှိလို့တဲ့ "

"အော် ဟုတ် Hyung"

Jiminလည်း Hoseokညွှန်ပြသည့် လူဘက်ကို့ ကြည့်ကာ အရိုအသေပေးလိုက်သည်မို့ ထိုလူသည်လည်း Jiminကုိ ပြန်လည်အရိုအသေပေးလာသည်။

"အထဲကြွပါ"

"နေပါစေ မဝင်တော့ဘူးခင်ဗျ...Park Jimin Ssi ရဲ့ ပန်းချီလက်ရာကို ကျွန်တော်တို့သူဌေးက သဘောကျတာမို့ ကမ်းလှမ်းချင်တာလေးရှိလို့ အဲ့ဒါ ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပေးဖုိ့ အချိန်ရမလားခင်ဗျ? သူဌေးက အတူလိုက်ခဲ့ချင်ပေမဲ့ လုပ်ငန်းမပြီးပြတ်တာလေးရှိ‌ေသးလို့မို့ လိုက်မလာနိုင်တာကိုလည်း ခွင့်လွှတ်ပါဆိုပြီး ပြောလိုက်ပါသေးတယ် "

"အာ  ဟုတ်ကဲ့ ရပါတယ် ကျွန်တော်လိုက်ခဲ့ပါ့မယ် ခဏလောက်စောင့်ပေးလို့ရမလား? "

"ရပါတယ် ကျွန်တော် ကားထဲက စောင့်နေ
လိုက်ပါ့မယ် "

ထို့နောက် ထိုလူသည် အဆောင်အပြင်ဘက် ထွက်သွားလေသည်။

"Hyung က‌ျွန်တော် ခဏ လိုက်သွားဦးမယ်နော် ! အဲ့ဒါ orderလေးလာယူတဲ့သူရှိမှာမို့ ခဏလောက် နေပေးလို့ရမလား? Orderက အခန်းထဲမှာ packingထုပ်ပြီးသားမုိ့  လာယူရင် အမည်မေးပြီး ပေးလိုက်ရုံပဲ Hyung"

 Dear Dandelions...Where stories live. Discover now