🌼 Dandelionsတွေပြုံးသောည 🌼

27 2 0
                                    

"ကျွန်တော့်ကို ဘာလို့ဂရုစိုက်နေရတာလဲဟင်"

"ဗ‌ျာ"

Hoseok သည် ထယ်ရဲ့လက်ဖမုိးက ဒဏ်ရာတွေပေါ် ဆေးလူးနေရင်းမှ လှုပ်ရှားနေသည့် လက်တွေသည် ရပ်တန့်သွားသည်။ ‌

"ကျွန်တော့်အကြောင်းတွေ ဘာမှရေရေရာရာသိတာလည်းမဟုတ်ဘဲနဲ့ ဘာလို့ကောင်းပေးနေရတာလဲ?"

"ဟို ဟိုလေ"

ထပ်မေးလာတဲ့မေးခွန်း‌တွေအပေါ် Hoseok,ဘယ်လိုတုန့်ပြန့်ရမည် သူမသိ။ Hoseok သိတာက သူရှေ့ကလူသားကို မြင်ရရင် အလိုလိုပျော်လာတယ်ဆိုတာ။ မတွေ့ရချိန်တွေမှာဆို လွမ်းတယ် သတိရတယ်။ အိပ်မရတဲ့ညတွေမှာ သူ့ရဲ့အသံပြင်းရှရှလေးကို ကြားချင်မိတာ။ စောနက ထယ်ရဲ့ကိုယ်ပေါ်ကဒဏ်ရာတေွကို မြင်လိုက်မိတာနဲ့ ဒီလူသားအပေါ် ကျရောက်မဲ့အန္တရာယ်မှန်သမ‌ျှကနေ ကာကွယ်ပေးချင်မိတာ။ ဒါ‌ေတွအားလုံးက Kim  Taehyungဆိုတဲ့လူသားနဲ့မှ ဖြစ်ပေါ်လာတာဆိုတာကို ရှေ့က လူသားသိအောင် ဘယ်‌လိုပြောရမလဲ?

"ဒါမှမဟုတ် Hoseokက ‌နဂိုကတည်းက နွေးထွေးကြင်နာတတ်တဲ့Typeမျိုးမို့ ကျွန်‌ေတာ်အပါအဝင် လူတိုင်းအပေါ် ဒီလိုဆက်ဆံပေးတာလား?"

ထိုစဉ် Taehyungရဲ့ ဆေးလူးထားသည့်လက်တစ်ဖက်ကို ကိုင်ထားရာမှ ရုတ်တရက် သူ့ရဲ့လက်ဖဝါးကြီးတွေထဲ ဆုပ်ထွေးလိုက်သည့် Hoseok။

"ဒီလိုတွေအထိ လုပ်‌ေန‌မိ‌တာတော့ ကျွန်တော့်အတွက် ထယ်က ပထမဆုံးလူပဲဆိုတာရော ထယ် သိလား?"

နောက်ဆုံး Hoseokသည် ထယ်လက်လေးကို ဆုပ်ထွေးရင်း မျက်လုံးတွေထဲကို စိုက်ကြည့်ကာ သူ့အတွက် အချိန်တစ်ခုအထိ မြိုသိပ်ထားခဲ့သည့်စကားတွေကို ဖွင့်ဟခဲ့တော့သည်။ စိတ်ဆိုးလို့ လက်သီးန‌ဲ့ ထ,ထိုးရင်လည်း ထိုးပစေ! အရဲစွန့်ပြီးသာ ဖွင့်ပြောလိုက်တော့မည်!

"ထယ်ကို စတွေ့တွေ့ချင်း ယောင်္ကျားလေးဖြစ်နေခဲ့တာတောင် ရင်ခုန်ခဲ့တယ်ဆို ထယ်ယုံမလား? ထယ်နဲ့ California မှာ ဆုံပြီးကတည်းက ထယ်အပေါ် ကျွန်တော့်ခံစားချက်‌ေတွ မရိုးသားခဲ့‌ေတာ့တာ...အဲ့မတိုင်ခင်က ကျွန်တော် ယောင်္ကျားလေး‌ေတွကုိ စိတ်မဝင်စားခဲ့ဖူးဘူး ပြီးတော့ အဲ့ချိန်မှာကတည်းက ထယ်နဲ့ နောက်တကြိမ် ထပ်ဆုံဖို့ကုိ မျှော်လင့်ခဲ့တာ... နယ်မြေသစ်တစ်ခုမှာ အမည်ကလွဲ ဘာဆိုဘာမှ မသိခဲ့တဲ့ ကျွန်တော်တို့တွေ့ဆုံခြင်းဟာ ပြန်ဆုံဖုိ့ဆုိတာ  0%ပဲဆိုပေမဲ့ ကျွန်တော်ကတော့ အဲ့မျေှာ်လင့်ချက်‌ေလးနဲ့ ထယ်နဲ့ပြန်ဆုံဖို့  ရက်တိုင်းဆုတောင်း‌ေနခဲ့တာ ...ဆုတောင်းခဲ့သလိုပဲ ပြန်ဆုံခဲ့တာမို့ ဒါဟာ ကံတရားက မျက်နှာသာပေးတယ်ပဲ ဆိုရမလားမသိဘူး....ထယ် ခုချိန်မှာ ကျွန်တော် ဖွင့်ပြောတာ အချိန်စောနေမလားမသိပေမဲ့ ကျွန်တော် ထယ်ကို သဘောကျတယ်"

 Dear Dandelions...Where stories live. Discover now