💜အချစ်ဆိုသည်မှာ💜

27 1 0
                                    

အချစ်ဆိုတာ ပိုချစ်မိလေ ပိုရုန်းရခက်လေပဲ ထင်ပါရဲ့။ ကျွန်တော် Huyngကို အရမ်းချစ်တာပဲ...

Jungkook ဒီရက်ပိုင်း Jiminနားပဲ ကပ်နေချင်သည်။ ကျောင်းခန်းထဲလည်း လူသာ ငုတ်တုပ်ထိုင်နေပေမဲ့ စိတ်ကတော့ သူချစ်ရတဲ့Hyungဆီမှာသာ။ စားလည်း ဒီစိတ်၊သွားလည်း ဒီစိတ်၊ က,လည်း ဒီစိတ် ၊ မရိုသေစကားအဆုံး အီး,အီးပါချိန်တောင် သူ့စိတ်က Jiminဆီမှာပဲ ရှိနေတော့သည်။ ချစ်သူဖြစ်ခါစ မကြာသေးသော ပူပူနွေနွေးရည်းစ‌ားလေးမို့ Jungkookမှာ အချိန်တိုင်း မြင်တွေ့ချင်၊အနားကပ်နေချင်တော့သည်။ ခုလည်း အကသင်တန်းကအပြန် Jimin Hyungနဲ့ တွေ့ရဖို့ကို Hoseok Hyungနဲ့ ဘယ်လိုကပ်လိုက်ရမလဲဆိုတာ အကြံထုတ်နေမိသည်။

"Jungkook မပြန်သေးဘူးလား"

"အာ ကျွန်တော် ပြန်တော့မလို့ပဲ Hoseok Hyungရော? "

"ငါလည်း ပြန်တော့မလိုပဲ ဒါဆို အတော်ပဲ ဒီနေ့က classစောဆင်းတယ်ဆိုတော့ အတူတူပြန်ကြပြီး ငါ့အခန်းမှာ သုံးယောက်သား အတူတူ တစ်ခွက်လောက် သောက်ကြရင် မကောင်းဘူးလား"

Jungkookလမ်းဖောက်စရာမလိုပါဘဲ စီးလာသော Hoseok Hyungရဲ့ ရေမြောင်းလေးကြောင့် Jungkookမှာ အလိုလို နှုတ်ခမ်းပါးလးတွေ မြှောက်တက်သွားသည်။ ဒါဟာ သူလိုချင်သည့် စကားလေးတစ်ခွန်းပဲမဟုတ်ပါလား?

Hoseokသည် မနေ့ညက အဖြစ်အပျက်‌အရ Jiminနဲ့ Jungkookကို အနေနီးကာ ပိုမို သင့်မြတ်အောင် ကြားထဲက လုပ်ပေးချင်သည်။ ဒီကလေးနှစ်ယောက်သည် သူ့အတွက် ညီလေးတွေဆိုလည်းဟုတ်သလို သူငယ်ချင်းလို ခင်မင်ရသည့် ကလေးတွေလည်းဟုတ်သည်။ ဒီ့အတွက် သူဟာ အကိုကြီးတစ်ယောက်အနေနဲ့ ဆောင်ရွက်ပေးသင့်၊ ‌ညှိနှိုင်းဖြောင်းဖျသင့်တာမှန်သမှျ လုပ်ဆောင်‌ေပးသင့်သည်မဟုတ်လား?

ထို့နောက် Jungkookနှင့် Hoseok သည် စကားတပြောပြောနဲ့ နေထိုင်ရာ အဆောင်လေးဆီရောက်လာတော့သည်။ အဆောင်ဝရောက်သည်နှင့် Jungkookမျက်လုံးများသည် Jimin‌ရှိရာ အခန်းလေးဆီသို့။ ညနေ‌ေမှာင်ရီပျိုးစရယ်မို့ အခန်‌းလေးဆီမှ မီးရောင်လေးသည် Jiminရှိကြောင်း အတည်ပြုပေးနေသည်။ တကယ်တမ်းကျ Jungkookသည် သူနဲ့ Jiminက ချစ်သူ‌တွေဖြစ်သွားပေမဲ့ ခုချိန်ထိ ဖုန်းcontactထဲမှာ တစ်ယောက်ဖုန်းနံပါတ် တစ်ယောက်မရှိကြသေး။ ဒါဟာ အနည်းငယ်တော့ အူကြောင်ကြောင်နိုင်နေသည်လို့ ထင်ချင်စရာပေမဲ့ တကယ်လည်း ဟုတ်နေသည်လေ။
သူ့မှာ ညတွေလွမ်း‌လာရင်တောင် အလွမ်းပြေ ချစ်စကားတီတီတာတာတွေ ပြောခွင့်မရှိ။

 Dear Dandelions...Where stories live. Discover now