🍃Dandelionsလေးတွေ လေအဝှေ့ဝယ်🍃 part-1

20 2 0
                                    

"တောက်"

စားပွဲပေါ်တွင် ပြန့်ကျဲ့သွားသည့် ဓာတ်ပုံတချို့နဲ့အတူ ရုံးခန်းရဲ့ CEO ထိုင်ခုံထက်တွင် ဒေါသတွေ ထိန်းချုပ်ထားသူတစ်ဦး။ တခြားသူတော့ မဟုတ်။ ကိုရီးယားနိုင်ငံစီးပွား‌ေရး‌‌ေလာကမှာ Top Ten ချမ်းသာသူများစာရင်းတွင် 1 to 5 စာရင်းဝင်သူဖြစ်တဲ့ Mr. Jeon Jung Woo ပင်။

"ငါ့ကို ပုန်ကန်ပြီး လုပ်ချင်ရာကို လုပ်မယ်ဆိုပြီး ထွက်သွား‌တာကို ငါခွင့်လွှတ်နိုင်တယ် မင်းက လူငယ်တစ်ယောက်ဖြစ်‌ေန‌ေသးတာမုိ့လုပ်ချင်ရာကို လုပ်ခွင့်ပေးထားခဲ့တာ အေး အဲ့ဒါက မင်းကို ဘယ်အရာကိုမဆို လုပ်လို့ရတယ်ဆိုပြီး ခွင့်ပြုထားခဲ့တာမဟုတ်ဘူး Jeon Jungkook"

"ငါ မင်းကို လုပ်ခွင့်တွေ ပေးထားတယ်ဆိုပြီး မင်းက နောက်ကွယ်မှာ လုပ်ချင်ရာတွေ လုပ်ပြီး ငါ့ကို မျက်နှာ အိုးမည်းသုတ်နေတာပေါ့လေ ဘာ ယောင်္ကျားတစ်ယောက်နဲ့ တွဲနေပါတယ်တဲ့လား ငါမွေးထားခဲ့တာ ယောင်္ကျားလေးလေ ငါပျိုးထောင်လာခဲ့တာ ယောင်္ကျား‌လို ပြုမူနေထိုင်ဖို့ပဲ...ခုလိုတွေ ဖြစ်လာဖို့မဟုတ်ဘူး...တချိန်ကျ မင်းက ငါ့ရဲ့‌ေနရာ ငါ့ရဲ့မျိုးဆက်ကို ခံယူရမှာလေ ကြည့်ရတာ ဒီအဖေက လွှတ်ထားလို့ သောင်းကျန်းနေပုံပဲ ဒီအတိုင်းတော့ မရတော့ဘူး Jungkook ငါ အဖေတစ်ယောက်လုံးရှိရဲ့သားနဲ့ ငါ့သားက ဒီလိုတွေဖြစ်နေတာကို ငါလက်ပိုက်ကြည့်မနေနိုင်ဘူး ဒီလောက် လွှတ်ထား တော်ရောပေါ့လေ မဟုတ်ဘူးလား ဟား ဟား ဟားဟား"

ရယ်သံတွေဟာ ခြောက်ကပ်ကပ်နိုင်လွန်းလှသည်။ထို့နောက် စားပွဲပေါ်ရှိ ဖုန်းကိုကောက်ယူကာ နံပါတ်တချို့နှိပ်လိုက်ပြီး

"ဟဲလို"

"အေး ငါပဲ ဒီတစ်ပတ်အတွင်း Jeon Jungkookတွဲနေတဲ့ ကောင်လေးရဲ့အချက်အလက်တွေအကုန် ငါလိုချင်တယ် ရအောင်လုပ်ပေး"

"Ok စိတ်ချမယ်"

ဖုန်းချပြီးသည်နှင့် ခုနက စား‌ပွဲပေါ် ပြန့်က‌ျဲ့နေသည့်ဓာတ်ပုံတွေကို ကောက်လိုက်ကာ

"မင်းက ငါ့သားရဲ့ အနာဂတ် ငါ့ရဲ့အိပ်မက်တွေကို ဖျက်ဆီးမဲ့ သူငယ်ပေါ့လေ ဒီလိုလွယ်လွယ်နဲ့ ခွင့်ပြုမယ်လို့ထင်နေတာလား ငါဆိုတာ ဘာလဲ မသိသေးရင် သိအောင် ပြပေးရမှာက ငါ့တာဝန်ပဲ ဆက်ပြီး ငါ့သားအနား ဘယ်လောက်ကြာကြာရှိနေ‌နိုင်မလဲ ကြည့်ရသေးတာပေါ့ ကောင်လေးရာ အဟက်"

 Dear Dandelions...Where stories live. Discover now