Story of my life

2.3K 107 4
                                    

.

.

"Hey ~~အဲ့လိုစိုက်ကြည့်နေတာရိုင်းတယ်နော်"

မို့အစ်နေတဲ့မျက်လုံးလေးကို ခပ်ဟဟလေးဖွင့်လာတဲ့မက ကျွန်မပါးလေးကို ခပ်ဖွဖွလေးဖျစ်ညစ်ရင်းဆိုတယ်
အိပ်ရေးဝနေတဲ့မရဲ့မျက်နှာလေး ပြုံးလိုက်တော့ ဖောင်းကားနေတဲ့ မရဲ့ပါးလေးက အူယားစရာ.
ရုတ်တရက် မရဲ့ပါးလေးကို ရွှတ်ကနဲ နမ်းလိုက်မိတယ်

"ဒါက ဘာအတွက်လည်း"

မျက်မှောင်လေးကြုတ်လို့ အပြုံးမပျက်ဘဲမေးနေတဲ့ သူမက ကျွန်မရဲ့အကျင့်တွေကို
အကုန်အလွတ်ရနေတယ်ထင်ပါရဲ့

"ဘာအတွက်မှမဟုတ်ပါဘူး ဒီအတိုင်း ချစ်လို့နမ်းတာကို"

ကျွန်မနှုတ်ခမ်းလေးစူပီး ပြောတော့
လှဲနေရာကထလာပီး ကုတင်အစွန်းမှာထိုင်နေတဲ့ ကျွန်မရဲ့ နဖူးကို ညင်သာစွာနမ်းရှိုက်တယ်

"ဗိုက်ဆာနေပီမလား မျက်နှာသစ်ပီးဆင်းခဲ့ မနက်စာ ပြင်ထားလိုက်မယ်"

စကားတွေအများကြီးမပြောပါဘဲနဲ့ မက သူ့ရဲ့ အပြုအမူ သေးသေးလေးတွေနဲ့ ကျွန်မတကိုယ်လုံးကို နွေးထွေးသွားအောင်လုပ်နိုင်တယ်
အမှန်တော့.....တဘဝလုံးကိုပါ~~
မရဲ့ ဖြစ်တည်မှုက ကျွန်မရဲ့အသိစိတ်တခုလုံးကို နွေးထွေးလုံခြုံစေတယ်

ကံကောင်းမှုဆိုတာဘာလည်းလို့ မေးယူရလောက်တဲ့အထိ ဆုတ်ပြက်သတ်နေတဲ့ကျွန်မဘဝတစ်လျှောက်လုံးမှာ တစ်ခုတည်းသောကံကောင်းခြင်းဟာ "မ" ပါဘဲ

မ"က ကျွန်မဘဝထဲကို မထင်မှတ်ထားဆုံးအချိန်မှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ရောက်လာတယ်

အဲ့ဒီအချိန်တုန်းက ကျွန်မအသက်က ၁၆နှစ်လောက်ပဲရှိမယ်ထင်တယ်
.

..
.
.

*****************
.

.

.

.
"Chaeyoung ya.. နင်မသွားလို့မရဘူးလားဟာ
ငါ့ကိုတယောက်တည်းမထားခဲ့ပါနဲ့"

ငိုမဲ့မဲ့လေးနဲ့ ပြောနေတဲ့ lisa ကိုကြည့်ပီး ကျွန်မရင်ထဲမှာလည်း အလုံးကြီးဆို့တက်လာသလိုခံစားရတယ်
ဝမ်းနည်းမှုတွေရော..ပီးတော့ကြောက်ရွံ့မှုတွေရော

Two DimensionsWhere stories live. Discover now