The Real Kim

747 66 4
                                    

Death scene Warning in this Chapter!!!!!!!!🚫🚫🔞

.
.
.
.

Jennie´s POV
.
.
.
မိုးတွေကလည်း ဒီညကျမှ
ရွာနေလိုက်တာ သည်းကြီးမည်းကြီး
ကလေးကတော့ ဒီနေ့တစ်နေ့လုံး
ကြုံတွေ့ခဲ့ရတာတွေနဲ့ အတော်ပင်ပန်းသွားပုံရတယ်
အိပ်နေလိုက်တာ ဟောက်သံတိုးတိုးလေးတောင်ကြားရတယ်..
ကျမလည်း အိပ်မရမဲ့အတူတူ
စိတ်လည်းရှင်းသွားအောင်
ကော်ဖီ ပူပူလေး တစ်ခွက်ဖျော်ပီး
ကလေးအိပ်နေတဲ့အခန်းထဲပြန်ဝင်လာခဲ့တယ်

အခုလိုအချိန်မျိုးမှာ ကလေးအနားမှာ
တဖဝါးမှမခွာပဲနေ​ပေးချင်တယ်
မတော်တဆ အိမ်မက်ဆိုးတွေက လန့်နိုးလာရင်
တစ်ယောက်တည်း ခြောက်ခြားပီး ကြောက်နေမှာစိုးတယ်.
ရုတ်တရက်တစ်ရေးနိုးလာပီး တစ်ယောက်တည်း
အထီးကျန်ကာ ဝမ်းနည်းနေမှာလည်းစိုးတယ်
ကလေးအတွက် ဘယ်လိုစိတ်အနှောက်အယှက်မျိုးကိုမှ မလိုလားဘူး.
လိုတဲ့အချိန်တိုင်းရှိပေးချင်သလို.
လိုအပ်လာမယ့်အချိန်တွေအတွက်လည်း
ကြိုပီးရှိနေပေးချင်တယ်.

အခန်းပြတင်းပေါက်နားလေးမှာ ခုံလေးတစ်ခုံချပီး
ဖျော်လာတဲ့ကော်ဖီခါးသပ်သပ်ကို
နှစ်သက်စွာ သောက်သုံးနေမိတယ်.

ဟုတ်ပါရဲ့ ကော်ဖီဆို ချိုဆိမ့်နေမှ ကြိုက်တဲ့ကျမဟာ
ကော်ဖီခါးခါးတွေကို ခုံမင်မိနေတာ
အတော်ကြာပီပဲ.

မိုးတွေကလည်း ခုထိမစဲနိုင်ဘူးရယ်.
ဘယ်လိုအညိုးအတေးတွေနဲ့များ
ရွာသွန်းနေပါလိမ့်.

အဲ့ဒီ့ညကအတိုင်းပဲ...
.
.
အဲ့ဒီ့ညမှာလည်း မိုးတွေသည်းနေခဲ့တာ..
.
.
.
.
.
.

**********************************
.
.
.
.

"သမီး ဒီနေ့အိမ်ကို driver အသစ်ရောက်မယ်.
သူနဲ့အတူ သမီးလေးတစ်ယောက်လည်းပါမယ်ပြောတယ်.
အခု အဖေပြောတာကို သေချာ မှတ်ထား
အဲ့ဒီ့ ကလေးနဲ့ အဆက်အယှက်မလုပ်ရဘူးနော်
အရောဝင်ရင် လူတွေက ရောင့်တက်တယ်.
ကိုယ့်အဆင့်နဲ့ကိုယ်နေရမယ် ကြားလား"

အဲ့တုန်းက ကျမအသက်က ၁၃ နှစ်လောက်ရှိမယ်ထင်တယ်. အဖေပြောတဲ့ အဆင့်အတန်းဆိုတာ
ဘာကိုပြောချင်တာလဲ သေချာနားမလည်ခဲ့ဘူး.
ဒါပေမယ့်လည်း အဖေကမကြိုက်ဘူးဆိုတော့
ကျမ ခေါင်းညိတ်ပြခဲ့မိတယ်ထင်တယ်.

Two DimensionsOpowieści tętniące życiem. Odkryj je teraz