Long lost friend

789 69 2
                                    

.
.
.
"ဟင် .ကလေး..
အစောကြီးနိုးလာတာလား"

အမြဲနောက်ကျမှထတတ်တဲ့ ကျမက
သူမ အလုပ်မသွားခင် နိုးလာသောကြောင့်
အတော်အံ့သွားပုံရတယ်
မ က သူ့ထုံးစံအတိုင်း မနက်ဆာပြင်ပီး
အလုပ်သွားဖို့ပင် အဆင်သင့်ဖြစ်နေလေပီ

"အင်း..ပြန်အိပ်တာလည်း မရတော့လို့ "

မျက်တွင်းဟောက်ပတ်နဲ့ စားပွဲမှာလာထိုင်သောကျမကို
မ က စိုးရိမ်တကြီးနဲ့ ကြည့်လာတယ်.

"ကလေး ကောင်းကောင်းအိပ်မပျော်ခဲ့ဘူးလား.
ဘာအဆင်မပြေတာတွေများ ရှိနေလို့လည်း"

ဘေးကခုံမှာ ဝင်ထိုင်ရင်း
မေးလာသော မ ကို
ပြောသင့်မပြောသင့် စဥ်းစားနေမိတယ်

အမှန်တော့ ဒီနေ့လုပ်ရမယ့် အလုပ်ကြောင့်
ခြေတုန်ချတုန်ဖြစ်နေတာရယ်.

ဒီနေ့ ဖောက်ထွင်းမဲ့အိမ်က
သူဋ္ဌေးရပ်ကွက်တခုမှာ
security ကောင်းတဲ့အိမ်တစ်အိမ်ပင်.
အိမ်သားတွေပဲ မရှိတာဖြစ်ပီး
ခြံစောင့်လုံခြုံရေးတွေ
CCTV တွေနဲ့
security တင်းကျပ်တဲ့ အိမ်မျိုးပင်..
မ သာ သိရင် အရမ်းစိုးရိမ်မှာလည်း စိုးတယ်

လိမ်မရမှာလည်းသိနေတော့
အမှန်အတိုင်းပဲ ​အကုန်ရှင်းပြလိုက်တော့တယ်

"အဲ့ဒါဆိုလည်း
ကလေးက မလုပ်လို့မရဘူးလား"

အဲ့လို တောင်းဆိုသလိုလေး
မျက်နှာငယ်လေးနဲ့မေးတော့
သူမ ဖြစ်ချင်သမျှ
အကုန် လိုက်လျောလိုက်ချင်ပေမယ့်
ကိုယ့်အခြေအနေကလည်း ကိုယ်သာအသိဆုံး

"ကလေးရဲ့ အစီအစဥ်ကို
အကောင်အထည်ပေါ်ဖို့ ငွေလိုတယ် မရဲ့
ပီးတော့..
ဘဝတစ်လျှောက်လုံး
ဒီအလုပ်တွေပဲလုပ်ခဲ့တော့
က​လေးမှာ တခြားရွေးခြယ်စရာမရှိဘူး"

မ က တစ်ခုခုကိုပြောမယ် ကြံပီးမှ
ဆက်မပြောပဲ တွေတွေလေးစဥ်းစားနေတယ်

အဲ့ဒီ့ အစီအစဥ်တွေဟာ
ကျမအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ
မ က ကောင်းကောင်းကြီးနားလည်တာပေါ့
သူမ ကိုယ်တိုင်က
ကျမကိုအဆုံးအထိ ကူညီမယ်ဆိုပီး
ကတိပေးထားသေးတာ

"ကလေးအတွက်စုပေးထားတာတွေက
အရမ်းတော့မများသေးပေမယ့်
နည်းနည်းလောက်စောင့်ရင် ရတော့မှာပါ
ဒီအလုပ်ကို ကလေးမလုပ်ချင်လည်းဖြစ်တယ်လေ"

Two DimensionsWhere stories live. Discover now