Found you

683 64 4
                                    

.
.
Jisoo's POV
.
.
လုပ်လက်စ စာရင်းတွေကို
အပြီးသတ်ဖို့လုပ်နေချိန်မှာပဲ
တံခါးခေါက်သံကြားလိုက်ရသောကြောင့်
lili တို့ရောက်လာပီဆိုတာ သိလိုက်တယ်.
ကျမရဲ့ ရုံးခန်းထဲကို တံခါးမရှိဓားမရှိ
ဝင်လာလို့ရတာဆိုလို့ Lili နဲ့ Mr lee ပဲရှိသည်
Me lee က ကျမဘေးမှာ
စာရင်းကူလုပ်ပေးနေတာဆိုတော့ ဒါဟာ ကျိန်းသေ Lili ပါပဲ
သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ တွေ့ပေးပါရစေဆိုပီး
ပူဆာလွန်းလို့ အလုပ်တွေမအားတဲ့ကြားက
နေ့လည်စာအပြင်မှာထွက်စားဖို့
သဘောတူလိုက်ရတယ်.

"Chu. Lili တို့ရောက်ပီ "

တံခါးကြားထဲကနေ ခေါင်းလေးအရင်ပြူထွက်လာပီး
သွားလေးတွေပေါ်အောင်ပြုံးနေတဲ့ lili.
ခုနက စာရင်းကြောင့် ရှုတ်နေတဲ့ခေါင်းဟာ
ချက်ချင်းပဲ ကြည်လင်လန်းဆန်းသွားသလိုလို.

'whipped jisoo'

အခန်းထဲဝင်လာတဲ့ lili ရဲ့အနောက်မှာ ပါလာတဲ့
သူမရဲ့ သူငယ်ချင်းမလေး.
ကျမ အမှတ်မမှားဘူးဆိုရင် သူ့နာမည်က.

"Chu. ဒါက Chaeyoung လေ"

ဟုတ်ပါတယ် Chaeyoung ပါ
ကျမ မွေးစားဖို့စီစဥ်ခဲ့တဲ့ ကလေးပါ
ဒီကလေးဟာ lili နဲ့ အရွယ်လည်းတူသလို
အရပ်လည်းမကွာပေ.
Lili ရဲ့စကားအရ သူမရဲ့ ဆံပင်အရောင်က
မွေးရာပါ Blonde ဆိုပဲ.
ကျမပြုံးပြလိုက်၍
လက်ဆွဲနှုတ်ဆက်ရန်ထိုင်ရာမှထလိုက်တယ်ဆိုရင်ပဲ
တစ်စုံတစ်ဦးက အရင်ဦးစွာ Chaeyoung ရှိရာကို
လျှောက်သွားနေတယ်

"Sorry ပါကလေးမ တာဝန်အရမို့
စစ်ဆေးခွင့်ပြုပါ"

Scanner နဲ့ Chaeyoung အားစစ်ဆေးနေတဲ့ Mr Lee ကြောင့် ကျမရော Lili ပါ အကြောင်သား
ခဏတာ မှင်သတ်သွားမိတယ်

"Mr Lee ခုဘာလုပ်နေတာလဲ.
ဒါ lili ရဲ့ သူငယ်ချင်းပါ"

Chaeyoung ကို အားနာလွန်းလို့
Mr lee ကိုလည်းနားမလည်နိုင်စွာ ဒေါသတကြီးအော်လိုက်မိတယ်.
အစစအရာရာ ကူညီပီး မိဘလိုစောင့်ရှောက်ခဲ့တာမို့
အမြဲရိုသေခဲ့သလို
ဘယ်တုန်းကမှလည်း မအော်ခဲ့ဖူးပါဘူး
lili ရဲ့ဘက်ကို လှမ်းကြည့်လိုက်မိတော့လည်း
မျက်နှာမှာအလိုမကျမှုတွေက အထင်းသား.

"ဦးတောင်းပန်ပါတယ်
သမီးရဲ့လုံခြုံရေးအတွက်ပါ"

"Chu ရဲ့လုံခြုံရေးလို့ပြောရအောင်
Chaeyoung ကဒုက်ခပေးမယ့်သူမှမဟုတ်တာ"

Two DimensionsWhere stories live. Discover now