The bloody Truth

856 69 5
                                    

.
.
.
.
.

Mr Lee´s POV
.
.
.
.

"မင်းက အချိန်တိကျသားပဲ.
အဖော်တွေဘာတွေတော့ခေါ်မလာဘူးမလား"

ငယ်စဥ် မိဘတွေမရှိစဥ်ထဲက
သူဋ္ဌေးဟာ ငါ့ကို သူ့အနားမှာ
အမြဲထားပီး စောင့်ရှောက်ပေးခဲ့တယ်.
နေစရာ စားစရာ အစစ အရာရာ ပူစရာမရှိခဲ့ဘူး
တစ်ခါတစ်လေ ကိုယ့်လက်ကို သွေးစွန်းရတဲ့အထိ လုပ်ပေးခဲ့ရတာတွေရှိပေမယ့်.
သူဋ္ဌေးရဲ့ ကျေးဇူးတွေနဲ့ယှဥ်ရင် ဒါဟာအသေးအမွှားရယ်ပါ.
ဘာမဟုတ်တဲ့ ဒီကလေးမကများ
ငါ့သူဋ္ဌေးရဲ့မိသားစုကို ထိပါးရန်ရှာချင်နေတယ်.
သွေးမစွန်းတာ ကြာပီဖြစ်တဲ့လက်က
ခုတော့ အလုပ်ပြန်စရပေအုံးမည်.

"အဖော်ခေါ်လာတာက ခင်များပါ.
ဘာလည်း ကိုယ်ကျတော့ သေမှာကြောက်တာလား"

ကိုယ့်ဘေးမှာ ရပ်နေတဲ့
ကြေးစားငနဲ၂ယောက်ကိုမေးငေါ့ပီး မေးလာတဲ့
ကလေးမက နည်းတဲ့သတ်တိတော့မဟုတ်ဘူး.
ဘောင်းဘီ ဂျင်းဖျော့တော့တော့နဲ့
အင်းကျီ hoodie အမည်းကြီးဝတ်လို့
Mask အမည်းပါတပ်ထားသေးတယ်
မသိရင် တကယ့်လူမိုက်တစ်ယောက်လိုပါပဲ..

"ငါက မင်းလို ကလေးမကို
အပင်ပန်းခံပီး ကိုယ်တိုင်ရှင်းစရာလား..
ပီးတော့ သေမှာ ကြောက်ရမှာ ငါမဟုတ်ဘူးနော်"

"အချိန်မဖြုန်းပဲ မြန်မြန်အလုပ်စကျရအောင်.
ခင်များလုပ်ခဲ့တာတွေအတွက်
ပေးဆပ်ဖို့ပြင်ထား"

မြန်မြန်သေချင်ပီဆိုတော့လည်း
ဖြည့်ဆည်းပေးရတာပေါ့.
ဘေးက ၂ကောင်ကို သွားဖို့အချက်ပေးလိုက်ပီး
လက်ထဲက Whiskey ပုလင်းကို
ဆက်မော့နေလိုက်တယ်.

ရှေ့ဆုံးက အားနဲ့ပြေးဝင်သွားတဲ့ တစ်ကောင်က
ဟိုက ရှောင်ယုံလေးရှောင်လိုက်တယ်ဆိုရင်ပဲ
သူ့ဟာသူ အရှိန်နဲ့ ရှေ့ကိုထိုးမှောက်သွားတော့တယ်.

"ထွီ"

သောက်နေတဲ့ Whiskey တောင်ပြန်ထွက်တယ်
လူမိုက်ဆိုလို့ ခေါ်လာပါတယ်.
ဘယ့်နှယ် ဟိုကဘာမှတောင်မလုပ်ရသေးဘူး...
အတော်စိတ်ပျက်ဖွယ်ရာပါ.
ဒီအတိုင်းဆို ကိုယ်တိုင်ဝင်ပါရအုံးမယ့်ပုံဘဲ.

နောက်တစ်ယောက်ကတော့
သူ့ရဲ့အားကုန်လွှဲပီးရိုက်လိုက်တဲ့ သစ်သားတုတ်ဟာ
ကလေးမ ကာကွယ်လိုက်တဲ့ သံတုတ်ကြောင့်
ထက်ဝက်ကျိုးသွားလေရဲ့.

Two DimensionsWhere stories live. Discover now