Whose's fault?

681 67 3
                                    

.

.

.

ရေမိုးချိုးပီး ပေါ့ပေါ့ပါးပါး ညအိပ်ဝတ်စုံလေးတစ်စုံ ရှာဝတ်လိုက်တယ်.
တစ်နေကုန် စိတ်ပင်ပန်းတာရော
ငိုထားတာတွေနဲ့ လူကအတော်ပင် နုန်းနေလေတော့သည်.
.
.

" ဘယ်လိုသိတာလဲ.
Kim Jisoo ဆိုတဲ့တစ်ယောက်က
ကလေးလိုက်ရှာနေတဲ့ သူဆိုတာ"

ကုတင်ခေါင်းရင်းကို ကျောမှီပီးထိုင်နေတဲ့
မ ဆီကို လျှောက်သွားလိုက်ကာ
သူမရဲ့ ပေါင်ပေါ်ကိုခေါင်းအုံးပီး လှဲအိပ်လိုက်တယ်.

"အဲ့ဒီ့နေရာကို ဖေဖေနဲ့တစ်ခါလိုက်သွားဖူးတယ်.
အဲ့company ကို.
နောက်တစ်ခုက လူယုံဦးလေးကြီး
Mr Lee ဆိုတဲ့သူ.
သူ့ကို ဘယ်တော့မှ မမေ့ဘူး"
.
.
.
.

"ကလေး  ကတိတစ်ခုပေးရမယ်"

"အင်း ဘာလဲ"

"မကို အသိမပေးပဲ ကလေးဘာမှမလုပ်ရဘူး.
မ က ကူညီပေးမှာမလို့.
ခုလောလောဆယ် ဘာမှမလုပ်ပါနဲ့အုံး"

ကျမကို ငုံ့ကြည့်ပီး ပြောလာတဲ့
မရဲ့ စကားတွေဟာ လေးနက်ပီး
အဓိပ်ပါယ်တစ်ခုခုရှိနေတယ်

"မ က ဘယ်လိုကူညီမှာလဲ"

"ခုတော့ သေချာတဲ့အဖြေကို မပေးနိုင်သေးဘူး.
ဒါပေမယ့် မ ကို ယုံတယ်မလား.
ခဏလေးပဲ သည်းခံပီးစောင့်ပေးပါ"

"မ ကိုဆို ကလေးက အမြဲယုံပီးသား"

.
.
.
**************************
.
.
.
.

Jisoo´s POV
.
.
.

"ကျွန်မကို ဘာမှပြောစရာမရှိဘူးလား Mr Lee"

အလုပ်တွေပီးတော့ Mr lee က ကျွန်မကို
အိမ်အပြန် ကားမောင်း၍လိုက်ပို့ပေးလေသည်.
သူ့ဘက်က စပြောမလားလို့ စောင့်နေပေမယ့်
လမ်းတစ်လျှောက်လုံး ဘာစကားမှ မဟသောကြောင့်
ကျမဘက်ကပဲ စ မေးရတော့တယ်.

"အိမ်ပြန်ရောက်မှ ဦးသေချာရှင်းပြပါ့မယ်"

"အိမ်မှာ Lili ရှိနေတော့
ပြောလို့အဆင်ပြေမယ်မထင်ဘူး.
ကော်ဖီဆိုင်တစ်ဆိုင်ကို မောင်းလိုက်ပါ.
စကားအေးဆေးပြောကျတာပေါ့"

"အဲ့ဒါဆို ရှေ့နားက ဆီဆိုင်နဲ့ တွဲဖွင့်ထားတဲ့
coffee ဆိုင်လေးကိုပဲ မောင်းလိုက်မယ်နော်"

Two DimensionsOnde histórias criam vida. Descubra agora