ရွှေရောင်အတ္တ {5} unicode

7.5K 263 0
                                    


ရွှေရောင်အတ္တ ၅

အပိုင်း..၅

ရွှေရောင်ကျောင်းရောက်တော့ အောက်ကခုံတန်း
ထဲလွယ်အိတ်ထည့်စဉ် တစ်ခုခုစမ်းမိလိုက်သည်။
ဒီလိုပဲ ရွှေရောင်ထိုင်တဲ့ခုံထဲမှာဆို ရည်းစားစာ
မုန့်ထုတ်တွေစသည်ဖြင့်လာလာထည့်ကြတာ
အများကြီးပါ။
ရွှေရောင်ဘယ်တော့မှ ယူမဖတ်ပါ၊ စားလည်းမစား
ပါ။ အနားကသက်သက်တို့ဥမ္မာတို့ပဲဗိုက်ဝတာ
ဖြစ်သည်။
အခုကြမတူဘူး .. ခုံအတွင်းကနေအပေါ်ဘက်မှာ
တစ်ခုခုနဲ့ကပ်ထားတာ..
ရွှေရောင်ဖြုတ်ယူလိုက်သည်။
နှင်းဆီပန်းဖြူဖြူလေးတစ်ပွင့်ကို ရိုးတံမှာစာကပ်
ထားသည်။

[နောက်တစ်ခါ မင်းပြန်ယူပေါ့..မငိုနဲ့] တဲ့..
ဒီလိုတုံးတိရေးထားမှတော့ ..သူပဲပေါ့..
ပြီးတော့သူ့လက်ရေးကတစောင်းလေးတွေ...

ဘာလဲ အဖြူရောင်နှင်းဆီဆိုတော့ဒါကငြိမ်းချမ်းရေးလို့ယူဆရမလား..
ရန်အတ္တဘက်က အလံဖြူပြတဲ့သဘောလား..
အပြင်မှာ သက်သက်တို့လာနေ၍ သူမအိတ်ထဲ
ကပြာကယာကောက်သိမ်းလိုက်လေသည်။
>>>>>>>>>>>>>>>> >>>>>>>>>>>

"ဒီအိမ်ပဲမမ... "
့ရွှေရောင်ကျောင်းမတတ်နိုင်တာ၂ရက်ရှိပါပြီ။ ဒါကြောင့်လွတ်သွားသောသင်ခန်းစာများကိုကူးဖို့ မှတ်စုထွက်ဌားရချင်းဖြစ်သည်။
ဥမ္မာနဲ့သက်သက်အိမ်ကနဲနဲလှမ်းတဲ့အပြင်သူတို့
လက်ရေးကိုကောင်းကောင်းမဖတ်တတ်သော
ကြောင့် ခတ္တာအကူအညီနဲ့ဒီကိုရောက်လာချင်းဖြစ်
သည်။
အုန်းပင်ပင်စည်ကိုဖြတ်လှဲပြီးတံတားထိုးတဲ့အပေါ်
စွန့်စွန့်စားစားနင်းလျှောက်ရင်း...

"အန်တီရှိလား၊ ကိုကြီးရှိလား..."
"ဟေ ဘယ်သူတွေတုန်း.."
ပျဉ်တောင်အိမ်သေးသေးတစ်လုံးထဲကနေ
ရန်အတ္တ အမေဖြစ်သူထွက်လာသည်။
"သမီးတို့ပါ.."
"သြော် အေး သမီးတို့လာ လာ.."
သူ့အမေကဖျာတစ်ချပ်ပင်ပြေးယူခင်းပြီး လူကြီး
လူကောင်းကိုကြိုဆိုသလိုပင် ဧည့်ခံပါသည်။

"ဒီကသမီးက.."
"သမီးတို့အိမ်က မမလေးလေ.."
"သြော်.. ညွှန်မှူးသမီး၊ ဆရာဝန်လေးရဲ့ညီမဆိုတာ.."
"ဟုတ်ကဲ့..."
"အန်တီ့သားနဲ့ တစ်ကျောင်းတည်းဆို.."
"ဟုတ်တယ်လေအန်တီ မမနဲ့ကိုကြီးကအတူတူပဲ..
အခုလည်း ကိုကြီးဆီလာတာ၊ အိမ်မှာမရှိဘူးလား"

ရွှေရောင်အတ္တ OC (Complete)Where stories live. Discover now