ရွှေရောင်အတ္တ {25} zawgyi

2.9K 40 0
                                    

ရွှေရောင် အတ္တ ၂၅

အပိုင်း ~ ၂၅

" ဟင် ရှင်ဒီနေ့အလုပ်မသွားဘူးလား.. " 

ခါတိုင်းဆို သားနဲ့သူကရှေ့ဆင့်နောက်ဆင့်ပဲအိမ်

ကထွက်နေကြမို့ သူမကမေးလိုက်တာဖြစ်သည်။

သားကကျောင်းသွားပေမယ့် သူကအိမ်နေရင်း

အ၀တ်အစားနဲ့ပင် ဧည့်ခန်းကဆိုဖာပေါ်မှာခြေပစ်

လက်ပစ်ထိုင်နေရင်း...

" ငါကတသက်လုံးအလုပ်ပဲ လုပ်နေရမှာလား" 

" မသိဘူးလေ သူဌေးကအိမ်မှာတော်ယုံမနားလို့

မေးတာပါ.. " 

" ဟုတ်တယ်..အိမ်ထောင်လေးတစ်ခါကြဖူးယုံနဲ့

သားတစ်ယောက်ရလာပြီး၊ သူ့မအေလုပ်သူကလည်းပစ်ပြေးသွားတော့.. အဲ့ဒီ့သားကိုလူတန်းစေ့

ထားပေးနိုင်အောင် နေ့နေ့ညညဖတ်ဖတ်မောအောင်အလုပ်လုပ်နေရတာနဲ့ တင်၊ ငါ့မှာနားဖို့အချိန်

တောင်မရှိခဲ့ဘူးပဲ.. " 

လာပြန်ပြီ ဒီဓာတ်ပြားဟောင်းကြီးပဲ။

နှင်းဆီကကြမ်းတိုက်နေရင်းကနေ...လှမ်းပြီး...

"သိပ်ပြီးဇတ်နာမပြပါနဲ့ရှင်၊ ရှင်ငွေရှာတယ်ဆိုတာ

သူများတကာကိုငွေနဲ့ပိတ်ပေါက်ပြီးအထက်စီးက

နေ ပြောနိုင် နေနိုင်အောင်လို့မဟုတ်ဘူးလား။

ကလေးစားတာ သုံးတာကမဖြစ်စလောက်ကို

ခေါင်းစဉ်လာတပ်ပြမနေပါနဲ့.. " 

" ငါ့မှာသာငွေမရှိရင် အခုချိန်မှာဘာဖြစ်နေမလဲ

စဉ်းစားကြည့်လေ.. " 

" ကျွန်မက အရေမရအဖက်မရတာတွေကို အချိန်

ကုန်ခံပြီး မစဉ်းစားဘူး။ 

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကျွန်မသားကိုပြန်

တွေ့ရင် ရင်ခွင်ထဲထွေးပိုက်ထားဖို့ကြိုးစားမှာပဲ။

ဒါပေမယ့် ရှင်အခုလိုချမ်းသာသွားတော့ ကျွန်မ

အတွက်မလွယ်ကူတော့ဘူးပေါ့.. "

ရွှေရောင်အတ္တ OC (Complete)Donde viven las historias. Descúbrelo ahora