ရွှေရောင်အတ္တ {41} Unicode

11.4K 335 8
                                    


ရွှေရောင် အတ္တ ၄၁
အပိုင်း ~ ၄၁

" ရှင်ကကတုံးမတွေနဲ့တော်တော်အကျိုးပေးပုံရ
တယ်နော်.. "
" ဘယ်လို.. "
မနက်ဖြန်မင်္ဂလာဦးဆွမ်းကျွေးလုပ်ဖို့ရန်ကုန်ကလူ
တွေကိုလည်းခေါ်ထားသည်၊ အခုညဘက်မှာ
ရွှေရောင်ကမျက်နှာပေါင်းတင်နေရင်းနဲ့ သူ့ကို
အရင်းမရှိအဖျားမရှိထပြောတာဖြစ်သည်။

" ရှင့်နှမအညိုလေ ဟိုးအရင်ကပြောခဲ့တာ
ကိုကိုအတ္တပြုံးပြရင်ကတုံးမတောင်မရိုးမရွဖြစ်သွား
မယ် ဆိုတာ၊ အခုလိုကျဟုတ်သားလို့.. "

" မင်းဦးနှောက်ကတော်တော်ပဲ ဒါမျိုးတွေကမှတ်မိ
တယ်၊ ငါချစ်ခဲ့တာတွေကျ မင်းမေ့ပစ်တယ်"

" ဟင်း ဟင်း ...ဘာရယ်မဟုတ်ပါဘူး အကြောင်း
တိုက်ဆိုင်လို့သတိရမိတာပါ...
ဒါနဲ့ ဒေါ်လေးတို့အညိုတို့ကော၊ ရှင်သူတို့နဲ့ပါ
အဆက်အသွယ်ဖြတ်ပြီးနေနေတာလား.. "

" တစ်ယောက်ထဲရှိတဲ့အမေ့ညီမပဲ ဘယ်ပစ်ထားပါ့
မလဲ...ဒေါ်လေးဆိုမြစ်တောင်ရနေပြီ.. "
" ထင်ပါတယ် .. ရှင့်အမျိုးကိုတော့ရှင်ချစ်တတ်
ပါတယ်လို့"
" ကိုယ့်အမျိုးတွေကတော့ ကိုယ့်ကိုတစ်ခါမှဒုက္ခမပေးဘူးဘူးလေ.."

" ရှင် ကျွန်မနဲ့ရန်ဖြစ်ချင်နေတာလား.. ?"
"ဘာပြောမိလို့လဲ.. "
" တောင်းပန်ပါတယ် ဘာညာနဲ့တကယ်တော့
ရှင့်အကျင့်က နဲနဲလေးမှမပျောက်သေးဘူး..
ကျွန်မ အညာမိသွားသလိုပဲ၊ ရှင်ယီးတီးယားတား
တော့မလုပ်နဲ့နော် အချိန်မှီသေးတယ်..
ဒီက သီလရှင်ကောက်ဝတ်လိုက်မှာ..ဟွန်း"

" မလုပ်ပါနဲ့.. ကိုယ်နဲ့သားကိုသံယောဇဉ်ပျက်နိုင်
တာလည်းမဟုတ်ပဲ...
တော်ကြာတရားတစ်ဖက် ၊ဓားတစ်လက်နဲ့ မင်းပဲ
ကုသိုလ်မရ ငရဲရနေမှာစိုးလို့ပါ"
" သားကထားပါတော့.. ရှင့်ကိုမပျက်နိုင်ဘူးလို့
ဘယ်သူကပြောလဲ.. "

" ဟုတ်လား.. အဲ့တာကြောင့်ထင်တယ်..
မူးပြီးအိပ်ပျော်နေမှ နဖူးလေးကိုခိုးနမ်းတာတို့ဘာ
တို့..."
ရွှေရောင် မျက်လုံးပြူးသွားပြီး...
" ရှင် ရှင်ကလူယုတ်မာကြီးပဲ...
ရှင့်ကိုရှင်မင်းသားပေါ့၊ တော်တော်ဟန်ဆောင်ကောင်းတယ်ပေါ့ဟုတ်လား.. "

ရွှေရောင်အတ္တ OC (Complete)Where stories live. Discover now