ရွှေရောင်အတ္တ {43} END zawgyi

5.6K 83 4
                                    

ရွှေရောင်အတ္တ ၄၃

အပိုင်း ~ ၄၃

ဘာလိုလိုနဲ့အမှုကရင်ဆိုင်ရင်း အချိန်တစ်နှစ်ကျော်

ကြာမြင့်ခဲ့ပါသည်။

ဒီနေ့ နောက်ဆုံးတရားခွင်မှာ...တရားသူကြီးမင်းမှ

တရားခံ၊ ကြံရာပါနဲ့၊မတရားသက်သေတွေကို

ပြစ်ဒဏ်အသီးသီးချမှတ်ပြီး၊ ရွှေရောင်နှင်းဆီလည်း

ဤ အမှုကနေကွင်းလုံးကျွတ်လွတ်မြောက်ခဲ့သည်။⚖

အမိန့်ချမှတ်ပြီးချိန်တွင် ရွှေရောင်တစ်ယောက်နေ

ရာမှာခွေခနဲလဲကျသွားပါသည်။

" ဟာ မိန်းမ.. "

" မေမေ မေမေ.. "

သူမကိုတရားရုံးကနေဆေးရုံသို့အမြန်ပို့ဆောင်ပေး

ခဲ့ရသည်။

>>>>>>

ဖြူလွှလွှဆေးရုံခန်းလေးထဲမှာ..

ရန်အတ္တ ရန်တသကသူမရဲ့ တစ်ဖက်ဆီမှာထိုင်နေ

ကြပြီး.. ဆရာဝန်ကလည်းစိုးရိမ်စရာမရှိဘူးဟုပြော

သွားသဖြင့်...

" တော်သေးတာပေါ့ မေမေဘာမှမဖြစ်လို့..

သားကဖေဖေကြောင့် မေမေမူးလဲသွားတာလို့ထင်

နေတာ..သားတောင်ကိုကိုကြီးဖြစ်ပြီမှတ်လို့... "

" မင်းအမေက ဒီလောက်ခက်ခဲပင်ပန်းတဲ့ခရီးကို

ဖြတ်သန်းရတဲ့အချိန်မှာထပ်ပြီးကိုယ်ဝန်ဆောင်

ခိုင်းရက်ပါ့မလားကွ.."

" ဟား လေးစားတယ်ဖေဖေရာ၊ဖေဖေကမှတကယ့်

ယောက်ျားကောင်းပဲ

ငယ်ငယ်ထဲကဖေဖေကအမြဲတမ်းသားရဲ့စံပြပုဂ္ဂိုလ်

ဖြစ်ခဲ့တာ..

ဒါပေမယ့် သားဖေဖေ့ကိုတော့လိုက်မှီမှာမဟုတ်ပါ

ဘူး.. "

" ယောက်ျားကောင်းဖြစ်ချင်ရင် ချစ်တတ်အောင်

အရင်သင်လေကွာ.. "

" ဒီနေရာမှာလည်းဖေဖေ့ကိုပဲ ဆရာတင်ရမှာပဲ.. "

ရွှေရောင်အတ္တ OC (Complete)Where stories live. Discover now