ရွှေရောင်အတ္တ {8} unicode

6.5K 238 0
                                    


ရွှေရောင်အတ္တ ၈

အပိုင်း...၈

လွမ်းလိုက်တာကွာ၊ ချစ်သူဖြစ်ပြီးမှနေ့တိုင်းလည်း
မမြင်ရတာဒုက္ခတစ်မျိုးပါပဲ...
ရွှေရောင်ကလည်း အခွင့်အရေးရရင်တော့သူ့ကို
လာတွေ့ရှာပါတယ်၊ ဒါပေမယ့်အခုထွက်မလာတာ
တစ်ပတ်ရှိပြီ..ခတ္တာတောင်ဆိုင်ကိုမလာဘူး..
သူ့မှာတော့ မိုးလင်းတိုင်းမိုးချုပ်တိုင်းလွမ်းနေရတာ...

ဒီရာသီကအိမ်ဆောက်တဲ့ရာသီဖြစ်ပြီး
အောင်စာရင်းလည်းမထွက်သေးတော့အားအားယားယားရှိလှတာမို့.. အရင်ကအဖေ့တပည့်တွေနဲ့လက်သမားလိုက်လုပ်နေသည်။

" ကိုအေး ကျွန်တော်လိုတဲ့သစ်သွားဝယ်အုံးမယ်"
" အေး အေး.. ကွမ်းပါနဲနဲဝယ်ခဲ့ကွာ.."
"အင်း..."
သူလမ်းဘေးကွမ်းယာဆိုင်မှာကွမ်းဝယ်နေတုန်း..
အနားကကားတစ်စီးဖြတ်သွားသည်။ဘဲကြီးတစ်
ပွေမောင်းတဲ့ကားမှာရွှေရောင်ဘေးကပါလာသည်။

သူမြင်သလို ရွှေရောင်လည်းသူ့ကိုလှမ်းမြင်သွား
ပုံရတယ်...
ရုတ်တရက်ရေနွေးပူနဲ့ပက်ခံရသလို တစ်ကိုယ်လုံး
လည်းပူလောင်သွားသည်။
ဒါ ဘာတွေလဲကွာ.. ကျစ်...
" ကောင်လေး ဒီမှာကွမ်းယာယူအုံးလေ.."

ကွမ်းဝင်ဝယ်တာ ပိုက်ဆံပေးပြီးကွမ်းယာယူဖို့တောင်မေ့သွားသည်။

ထူပူနေတဲ့စိတ်နဲ့အလုပ်လုပ်တော့ဘယ်တော့မှ
ရိုက်ချက်မလွဲခဲ့တဲ့ သံတောင်ချော်ပြီးကိုယ့်လက်
ကိုယ်ထုမိသေးတယ်...
တောက်)))) ဒုန်း
" ဟ ရန် မင်းဘယ်လိုဖြစ်ရတာလဲ.."
" ဒီလိုပဲဗျာ..."
" ကြည့်ရတာစိတ်နဲ့လူနဲ့မကပ်သလိုပဲ... မင်းလက်
ရောင်လာတော့မယ်..သွား သွားနားလိုက်တော့.."

ငါလည်းမင်းကိုပဲမေးချင်တာ..ဘယ်လိုဖြစ်ရတာလဲ
ရွှေရောင်နှင်းဆီ .....

အလုပ်ကနေစိတ်အိုက်စွာနဲ့ပြန်လာခဲ့ပြီး..လေလွင့်
ချင်နေတုန်း...
" ဟေ့ကောင် ရန်ကြီး...မင်းသိပြီးပြီလား..
နှင်းဆီတို့အိမ်မှာမြို့ကဧည့်သည်ရောက်နေတယ်."
" ဘဲကြီးကရေတော့လျံပုံရတယ်..
သူ့ဘိုးတော်ကြီးက ဧကန်န.. "

"တော်ပြီ မင်းတို့လည်းသေချာမသိပဲရမ်းသန်းမပြောနဲ့.."
ရင်ထဲအခံမကောင်းပါဘူးဆိုမှ.. ဟို၂ကောင်က
သတင်းသယ်လာသေးသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေရောင်အတ္တ OC (Complete)Where stories live. Discover now