ရွှေရောင်အတ္တ{31} zawgyi

4.4K 41 0
                                    


ရွှေရောင်အတ္တ ၃၁
အပိုင်း ~ ၃၁

ဆိုင်ဖွင့်ပွဲနေ့မှာဖိတ်ထားတဲ့ဧည့်သည်တွေနဲ့အနု
ပညာရှင်တချို့ပါ လာရောက်ခဲ့ကြပြီး.. ဆိုင်ခန်း
အတွင်းမှာစည်ကားနေသည်။
တသနဲ့ သုသုကိုလည်းဖိတ်ထားတာမို့ သူတို့လည်း
ရောက်လာပါသည်။
တသရဲ့ သူ့ရဲ့free styleအတိုင်းစပိုစ့်ရှပ်အနက်
ဘောင်းဘီအနက်အသားဖြူသူမို့ထင်းထင်းဝင်းဝင်း
ပေါ်ပေမယ့် လူကြီးသူကြီးပုံတော့မပေါက်...

ဖက်ဖူးရောင်ဂါဝန်လေးနဲ့ဒီဇိုင်နာလက်ရာပိုက်ဆံအိတ်ပြားလေးကိုင်ပြီး ကျော့ကျော့ရှင်းရှင်းလေးလှနေတဲ့သုသုက တသနောက်ကနေလိုက်ပါလာသည်။
( အမှန်တော့ အဲ့တာတသ ဗြူးတီးဆလွန်းကိုခေါ်
ပြီး အတင်းဆွဲပြင်ပေးလာတာပါ)
အေသင် သုသု့ကိုကြည့်ပြီးမျက်ခုံးတောင်ပင့်သွား
သည်။ ငယ်ဂုဏ်ဆိုတာ ယှဉ်လို့မရဘူးပဲ. ..

" congratulationsနော်မမ .. "
" thank youနော် လာကြလေ.. "

အေသင်က သူ့ကိုမီးစိမ်းလည်းမပြပဲ ကြိုးရှည်ရှည်
နဲ့လှန်ထားတဲ့ပုံစံမျိုးပါ.. သူကလည်းမဖြစ်မနေတွဲချင်တာမဟုတ်လို့စိတ်ကူးတည့်မှ သူမဆီသွားတတ်တာကိုး..

ဆိုင်ထဲမှာ..
တခြားအစားအသောက်တွေယူစားနေကြသော်
လည်း ကိတ်နဲ့ရှန်ပိန်တွေကိုတော့မဖွင့်ကြသေးဘူး
အဓိကလူမရောက်သေးဘူး လို့ပြောသံကြားလိုက်
သလား..
မမအေသင် ဘာတွေဆွဲထုတ်ပြမလဲမသိပေမယ့်
ဒီကလည်း ရန်တသပါ..  ၃၁ဘုံမှာဘယ်လိုလူပုဂ္ဂိုလ်ပဲ ခေါ်လာလာ တသတို့က heart ထိစရာ
အကြောင်းမရှိဘူး..

သနားစရာသတ္တဝါတော့အဖြစ်မခံဘူး.. ဒီမှာ သုသု
လက်ကိုဆွဲပြီး တာတာ့ပြခဲ့ယုံပဲ...

" အေသင်ရေ ပွဲကမစသေးဘူးလား.. "
" သူလာရင်စမှာပါ.. သူကအရမ်းအလုပ်များတဲ့
ပုဂ္ဂိုလ်ဆိုတော့ ခဏသည်းခံစောင့်ပေးပါ.. "
" Oh! သိချင်လှပြီ.. "
" ဟော ဟိုမှာ သူ ရောက်လာပြီ.. "

မှန်ချပ်တံခါးတွေကိုတွန်းဖွင့်ဝင်လာသူက ဖေဖေ... အေသင်ကအပြေးအလွှားသွားပြီး ခရီးဦး
ကြိုပြုသည်။
" ဦး လာလိမ့်မယ်လို့တောင်မထင်ထားဘူး.. "

" အဝတ်ပါချုပ်ပြီး ပို့ပေးတာ မလာရင်လူမှုရေး
မရှိရာကြမှာပေါ့..ရော့ ဂုဏ်ပြုပါတယ် အေသင် "

ရွှေရောင်အတ္တ OC (Complete)Where stories live. Discover now