ရွှေရောင်နှင်းဆီ ၃၄
အပိုင်း ~ ၃၄
" ဒါဆိုငါလည်းလိုက်မယ်.. "
" မရဘူး..."
" ဘာလို့လဲ ငါတစ်ယောက်ထဲဆိုသွားရလာရတာ
ပိုအဆင်ပြေတယ်.. နင်ပါရင်ရှုပ်တယ်.. "
"ဘာ .. အဲ့တာဆို ငါယူလာတာပြန်ပေးတော့.. "
သူ့လက်ထဲကနေ အတင်းပြန်လုသည်။
" အာ မိသုမလုပ်နဲ့.. "
" အဲ့တာဆို ငါ့ကိုခေါ်လေ၊ နင့်အမေကိုရှာတွေ့ရင်
နင့်ပုံစံဘယ်လိုဖြစ်နေမလဲ မြင်ချင်လို့ပါ.. "
" ငရှုပ်မလေးပဲကွာ..
အဲ့တာဆိုမနက်ဖြန်စောစောထ၊တော်ကြာ သွားရင်းလာရင်းနောက်ကျသွားရင် ဇတ်လမ်းတွေထဲကလို ငါနဲ့နင်ခိုးပြေးသွားတယ်ထင်နေအုံးမယ်..
ငါကငါ့အဖေ့လိုအစောကြီးလက်ထပ်ချင်တာမဟုတ်ဘူး"
" တသ ကောင်စုတ်ရယ် နင့်ကိုကောဘယ်သူက
ယူမယ်တဲ့လဲ... "
>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဧရာဝတီ...
သူ့အဖေမှတ်ပုံတင်ထဲက လိပ်စာအတိုင်းမေးစမ်း
ပြီးရှာကြသည်။
" အဲ့ဒီ့ရပ်ကွက်က တိုး/သစ်ထဲပါသွားလို့အရင်
လိပ်စာအတိုင်းရှိတော့မှာမဟုတ်ဘူးတဲ့.. "
" ဘယ်လိုလုပ်ကြမလဲ ဟင် တသ.. "
" ငါ့အဖေကိုသိတဲ့လူတစ်ယောက်ယောက်တော့
ရှိအုံးမှာပါဟ လာ.. "
သူတို့ အ.ထ.ကကျောင်းတစ်ခုကိုဖြတ်ကျော်လျှောက်လာရင်း..
" တသ ဟိုအဖိုးက နင့်ကိုကြည့်နေတယ် နင့်အဖေကိုသိနေမလား၊ သွားမေးကြည့်ရအောင်.. "
လမ်းမပေါ်တံမြက်စည်းလှဲနေတဲ့ထိပ်ပြောင်ပြောင်
နဲ့အဖိုးကြီးက မျက်မှန်ကိုင်းကြီးဝင့်ပြီး သူတို့ကို
ကြည့်နေလေသည်။
" အဲ့လောက်အသက်ကြီးမှတော့ သတိတွေလည်း
![](https://img.wattpad.com/cover/298576214-288-k960577.jpg)
YOU ARE READING
ရွှေရောင်အတ္တ OC (Complete)
Romanceမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...