💛Part 1 And Happy Birthday HOBI!💛

702 60 43
                                    

Unicode

Yoongi's POV

"Yoongi ကိုယ်မင်းကို ချစ်တယ် ကိုယ့်ကို လက်ခံပေးပါနော် "

အခုကျွန်တော့် အရှေ့မှာရှိနေတဲ့သူက ကျွန်တော့်ရဲ့ Crushကြီးပါ ကျွန်တော့်ရဲ့ Crushကြီးက ကျွန်တော့်ကို ချစ်တယ်တဲ့လား Wow..ဒါက ထူးခြားတဲ့ ဖြစ်စဥပဲ ဟုတ်တယ်လေ အခုဒီစာကို ဖတ်နေတဲ့သူတောင် Crushဆီက ချစ်တယ်ဆိုတဲ့ စကားကြားရဖို့မပြောနဲ့ အဖတ်တောင် အလုပ်မခံရဘူးမလား

အဲ့ဒီတော့ ဘယ်သူတွေဘာပြောပြော ကျွန်တော် Min Yoongiလေး ကံကောင်းတာပဲ ဒါပေမယ့်လည်း ရိုးရာမပျက်အောင်တော့ ချေရဦးမယ်လေ

Yg:"ကောင်းပြီလေ ကျွန်တော်စဥ်းစားပေးမယ်"

ပြောပြီးတာနဲ့ Crushကြီးရှေ့ကနေ လှည့်ထွက်လာလိုက်တယ် ဒါပဲလေ ဒါကကျွန်တော့်ပုံစံပဲ ကျွန်တော်ဘယ်လောက်ပဲ သဘောကျနေပါစေ ချေလိုက်ရမှ နေသာထိုင်သာကိုရှိတာ အဲ့တော့ Crushဖြစ်နေလည်း ချေလိုက်ရမှ

ဒါနဲ့ ကျွန်တော့် Crushကြီးကို သိချင်ကြလား သိချင်ရင် ပြောပြမယ် Crushကြီးနာမည်က Kim Youngho တဲ့ အခုကျွန်တော်တို့ နေနေတဲ့ Daeguမှာဆိုရင် သူ့မိသားစုက အချမ်းသာဆုံးပဲ ရုပ်ရည်ကလည်း ပြောစရာမရှိအောင်ကို ပြည့်စုံလွန်းတယ် အဲ့တော့ ကျွန်တော် Min Yoongiက ကြွေသွားတာပေါ့ ရုပ်ချောတာနဲ့ ကြွေတာပဲလို့ မပြောပါနဲ့ ခင်ဗျားတို့တောင် အဆင်လေးဆိုရင် လိုက်ငမ်းကြသေးတာပဲလေ

ဒါပေမယ့်တစ်ခုတော့ရှိတယ် ကျွန်တော့် Crushက ရည်းစားအရမ်းရှုပ်တယ် ကျွန်တော့်ကို လာမဖွင့်ပြောခင်မှာပဲ ကောင်မလေးတွေတင်မဟုတ်ဘူး ကောင်လေးတွေကိုပါ တစ်ပြိုင်တည်းတွဲတတ်တဲ့လူတစ်ယောက် ဒါကိုပဲ ကျွန်တော်က စိတ်ဝင်စားခဲ့တာ

ဒါပေမယ့် ကျွန်တော်က ကျွန်တော့်တစ်ယောက်တည်းကိုပဲ တန်ဖိုးထားပြီး ချစ်ပေးတာကိုပဲ လိုချင်တာ အတ္တကြီးတယ်ထင်ရင်လည်း မတတ်နိုင်ဘူး ဒါကလူတိုင်းလိုချင်ကြတဲ့ အရာပဲလေ အဲ့တော့ သူကရည်းစားတွေ ထည်လဲတွဲတတ်တဲ့သူ ဖြစ်နေသရွေ့ ကျွန်တော့်ဘက်က ဘယ်တော့မှ စပြီးဖွင့်မပြောဖို့ ဆုံးဖြတ်ထားခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကစဖွင့်ပြောခဲ့ရင် ကျွန်တော်နဲ့ သူချစ်သူဖြစ်မယ်ဆိုတာ သိတယ်

Revenge And LoveWhere stories live. Discover now