💛Part 3💛

497 61 17
                                    

Unicode

Third Person's POV

"Kim Youngho!!"

ကျယ်လောင်စွာထွက်လာတဲ့ အသံနောက်မှာ တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်

"မင်းက အလိုလိုက်ထားတယ်ဆိုပြီး ရောင့်တက်တာလား!!"

Yh:"ကျွန်တော်ဘာလုပ်လို့လဲ အဖေရာ"

"ဘာလုပ်လဲဟုတ်လား ဘာလုပ်လဲ မင်းကိုယ်တိုင်သိမှာပေါ့!!"

Younghoတစ်ယောက် နားမလည်နိုင်စွာနဲ့ ဘေးမှာထိုင်နေတဲ့ အမေဖြစ်သူဆီကို အကြည့်တွေကိုပို့မိတော့

"မင်း ကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်ဆို အဲ့တာဟုတ်လား"

ခပ်အေးအေးထွက်လာတဲ့ အမေ့ရဲ့စကားနောက်မှာ Younghoက နားမလည်နိုင်စွာနဲ့

Yh:"ဟုတ်တယ်လေ အဲ့တာဘာဖြစ်လို့လဲ အရင်တုန်းကလည်း ဒီအတိုင်းပဲတွဲနေကျပဲကို အခုမှဘာဖြစ်တာလဲ"

"ဘာဖြစ်တာလဲဟုတ်လား! အေး! မင်းအရင်တွဲတဲ့သူတွေက အဆင့်အတန်းရှိပြီးသား လူတွေကွ! ငါတို့လောက် မဟုတ်ရင်တောင် ငါတို့နီးပါး ချမ်းသာကြတဲ့သူတွေ အဲ့တာကြောင့်မို့လို့ မင်းကိုဘာမှမပြောဘဲ လွှတ်ထားတာ! အခုမင်းက ဘာအဆင့်အတန်းမှမရှိတဲ့ ကောင်နဲ့ တွဲနေတယ်ဆိုတော့! မင်းက ငါတို့မျက်နှာကို အိုးမည်းသုတ်နေတာလားကွ! ဟမ်!!"

အခုမှ ဘာဖြစ်နေလဲသဘောပေါက်သွားတဲ့ Younghoက ဒေါသကြောင့် မျက်နှာကနီရဲလို့နေပြီ

Yh:"အဲ့တော့ဘာဖြစ်လဲ!! ကျွန်တော်တွဲချင်တဲ့သူနဲ့ တွဲမယ် အဖေတို့ကိစ္စမဟုတ်ဘူး! ပြီးတော့ Yoongiကိုလည်း ဘာအပြစ်မှပြောစရာမလိုဘူး!! အချစ်မှာ ဆင်းရဲတာ ချမ်းသာတာမှမရှိတာ! ပြီးတော့ ကျွန်တော်အဲ့တာတွေလည်း စိတ်မဝင်စားဘူး! ကျွန်တော်စိတ်ဝင်စားတာက ကျွန်တော်ပျော်ဖို့ပဲ! Yoongiနဲ့တွဲတာ ကျွန်တော်ပျော်တယ် မပျော်တော့တဲ့တစ်နေ့ပျက်မယ် ဒါထုံးစံပဲ! အခုမှလာပြီး စောက်ပိုတွေလာလုပ်မနေစမ်းပါနဲ့!!!"

ဒေါသကြီးစွာအော်လိုက်တဲ့ Younghoရဲ့ စကားနောက်မှာ ပါးပြင်ပေါ်ကိုရောက်လာတဲ့ လက်ဝါးတစ်ဖက်
ရိုက်သူကို အံ့ဩစွာကြည့်လိုက်တော့ တစ်ခြားသူမဟုတ် သူ့အမေပင်

Revenge And LoveWhere stories live. Discover now