💛Part 11💛

389 43 15
                                    

Unicode

Yoongi's POV

ဒီနေ့ကSunday အလုပ်လဲမရှိဘူး မိဘမဲ့ဂေဟာက ကလေးတွေကို Pianoတီးသင်ပေးရမယ့်နေ့

ကလေးတွေကို သင်ပေးရတာ ခက်ပေမယ့် ပျော်ဖို့လဲကောင်းတယ် Hyungတို့ Oppaလို့ခေါ်ပြီး ချွဲတတ်တဲ့ကလေးတွေကြောင်း ပျင်းဖို့အချိန်ကိုမရှိဘူး အဲ့တာကြောင့် Sundayတစ်နေ့လုံး ဂေဟာမှာပဲ အချိန်ကုန်ဖြစ်တယ်

သွားနေကျအချိန်အတိုင်းပဲ အိမ်ကနေ ဂေဟာကို ထွက်လာလိုက်တယ် Soobinရောလို့မေးရင်တော့ အခုထိ အိပ်ယာထဲမှာ ဖင်ပြန်ခေါင်းပြန်အိပ်နေဦးမှာပေါ့

တကယ်ပြောတာပါ Soobinလောက် အပျင်းကြီးတဲ့သူ ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး ကျောင်းသွားချိန်လည်း ကပ်ပြီးမှ အိပ်ယာထတယ် အားနေရင် ဘာလုပ်လဲဆိုတော့ အိပ်ပါတယ် တစ်ခြားသူတွေဆိုရင်တောင် ဂိမ်းဆော့ချင်ဆော့ပါလိမ့်မယ် ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းကတော့ အိပ်ပါတယ်

ပြောမယ့်သာပြောတာ Soobinက ဉာဏ်အရမ်းကောင်းတယ် စာမေးပွဲတိုင်းလဲ အမှတ်ကောင်းတယ် စာတွေလဲ အကုန်ရတယ် လူတွေပြောကြတယ်လေအပျင်းကြီးတဲ့သူတွေက ဉာဏ်ကောင်းကြတယ်တဲ့

အားကစားလဲ ထူးချွန်တယ် အရပ်လဲရှည်တယ် ခန္ဓာကိုယ်လဲ တောင့်တယ် အားလုံးပြီးပြည့်စုံတယ် မိန်းကလေးတွေအတွက်ဆိုရင် Boyfriend Material ပေါ့ တစ်ခုပါပဲ အအိပ်မက်တာပါ

(အအိပ်မက်တာ Dream နဲ့တူတာပါ😁)

ဂေဟာထဲဝင်လာတာနဲ့ ပြေးဖက်လာကြတဲ့ ကလေးတွေကြောင့် ပြုတ်မကျအောင် မနည်းထိန်းလိုက်ရတယ်

Yg:"ဖြည်းဖြည်းလုပ်ကြပါ ချော်လဲကုန်တော့မယ်"

Haru:"Hyung! စစ္စတာကပြောတယ် ဒီနေ့ ဂေဟာကို ထောက်ပံ့သူတွေလာမှာတဲ့"

Yg:"ဟုတ်လား"

စတွေ့တုန်းကလို ကျွန်တော့်ကို ကြောက်တဲ့ပုံမရှိတော့ပဲ ပိုပြီးပွင့်လင်းလာတဲ့ Haruလေးကြောင့် ဝမ်းသာရတယ် ကျွန်တော့်ကို သိသိသာသာခင်တွယ်ကြတဲ့ ကလေးတွေကြောင့် ပျော်ရပြန်တယ်

Sarang:"ဟုတ်တယ် Gigi Oppaရဲ့ မီးမီးတို့ အခုပန်းချီဆွဲနေကြတာ Gigi Oppaနဲ့ အတူတူ ဆွဲမယ်နော်"

Revenge And LoveWhere stories live. Discover now