💛Part 5💛

437 52 63
                                    

Unicode

Yoongi's POV

Younghoအဖေဆီက အဆက်အသွယ်ရပြီးတာ အခုဆို ခြောက်ရက်ရှိပြီ ဘာမဆို Appaနဲ့Ommaကို အမြဲတိုင်ပင်တတ်တဲ့ ကျွန်တော်က ကျွန်တော်နဲ့ Younghoကိစ္စကိုလဲ ဖုံးကွယ်မထားခဲ့ဘူး လူကြီးတွေဖြစ်ပေမယ့် ရှေးရိုးဆွဲဆိုတာမျိုးလဲမရှိတဲ့ Appaနဲ့Ommaက ကျွန်တော့်ကို အပြစ်မမြင်ခဲ့ကြဘူး

Younghoနဲ့ကျွန်တော့်ကြားက ပြဿနာကို Appaတို့ကိုပြောပြတော့ Appaဒေါသထွက်သွားတယ် မချမ်းသာပေမယ့် ယုံကြည်မှုဆိုတဲ့အရာကို သိပ်မြတ်နိုးတဲ့ ကျွန်တော်တို့မိသားစုအတွက် ဒီကိစ္စက ခံပြင်းလွန်းလှတယ် မဟုတ်မခံဘဲ တစ်စုံတစ်ခုကိုဆို အမှတ်ကြီးတတ်တဲ့ Appaနဲ့တူတဲ့ ကျွန်တော့်အကျင့်ကြောင့် Ommaက စိတ်လိုက်မာန်ပါမလုပ်ဖို့ ဖြောင်းဖြတယ်

Ommaစိတ်ချမ်းသာအောင် ကတိတွေပေးခဲ့ပေမယ့် လုံးဝမလုပ်ဘူးလို့တော့ ကတိမပေးခဲ့ပါ သူ့ကိုအနိုင်ယူချင်ရင် ကိုယ်တိုင်ကလဲ သူ့ထက်သာအောင်လုပ်ရမှာပေါ့ အဲ့အချိန်ကျတော့မှ ကျွန်တော့်လက်အောက်ကို ရောက်လာအောင်လုပ်မှာ

Soobinကိုပြောပြတော့လဲ Younghoရဲ့အဖေဆီသွားမယ်လုပ်နေလို့ မနည်းဆွဲထားရတယ် ဒီကောင်ကလူကောင်ကြီးတဲ့အပြင် ဒေါသကလဲကြီးသေး ကျွန်တော်ကသူနဲ့ယှဥ်ရင် သေးသေးလေးရယ် အရပ်ကြီးကလဲ မိုးထိုးတော့မယ် အသက်အတူတူပဲဟာကို ဒီကောင်က ဘာတွေစားလို့ ဒီလောက်ထွားနေရတာလဲလို့ တွေးမိတယ် တစ်ခါတစ်လေ မဆီမဆိုင် Ommaကိုတောင် စိတ်ဆိုးမိသေးတယ်

ဘာလို့သေးသေးလေးဖြစ်အောင် မွေးထားတာလဲလို့ Ommaကိုမေးတိုင်း ကျွန်တော့်ပါးနှစ်ဖက်ကိုဆွဲပြီး

Omma:"Ommaသားလေးကို ချစ်ဖို့ကောင်းအောင်လို့ပေါ့"

ဆိုပြီးအမြဲပြန်ဖြေတာ အဲ့အခါကျရင် Appaက ဘေးကနေရယ်နေရော သေချာစဥ်းစားကြည့်ရင် အခုAppaတို့နဲ့ ခွဲရတော့မှာပဲ တစ်ခါမှမခွဲဖူးတာကြောင့် ကြောက်တာထက် ဝမ်းနည်းတာကပိုနေတယ်

အဲ့တော့မသွားခင်လေး ဘေးမှာကပ်ပြီး ချွဲရမယ် အရေးကြီးဆုံးက Seoulကိုရောက်ရင် အလုပ်တစ်ခုလောက်တော့ လုပ်ရမယ် အချိန်ပိုင်းပဲဖြစ်ဖြစ်ပေါ့ ပညာသင်ဆုရထားပေမယ့် စားသောက်စရိတ် နေရေးထိုင်ရေးတွေက ကိုယ်ကပဲပေးရမှာလေ ကျောင်းစရိတ်ပဲ မပေးရတာ စားသောက်စရိတ်ကတော့ ကိုယ့်ဝမ်းကိုယ်ကျောင်းလဲ ရတာမို့လို့ အလုပ်လေးလုပ်ဖို့ Appaတို့ကို ခွင့်တောင်းနေရတာပင်

Revenge And LoveWhere stories live. Discover now