Unicode
SUPRISE!!!!!!!!
Yoongi's POV
စီနီယာ Jungkookထွက်သွားတော့ ကျွန်တော်တို့လဲ အတန်းဆက်တက်ခဲ့ကြတယ် ကျောင်းဆင်းတော့ ကျွန်တော်နဲ့ Soobinတို့နှစ်ယောက်လုံး တိုက်ခန်းကို ပြန်လာခဲ့ကြတယ် ရေမိုးချိုး အဝတ်အစားလဲပြီးတာနဲ့ ကိုယ်စီအလုပ်ကို ထွက်လာကြတယ်
Soobinနဲ့ ကျွန်တော်ရဲ့ အလုပ်က တစ်နေရာစီမို့ အတူတူသွားလို့မရဘူး အဲ့တော့ ကျွန်တော်တစ်ယောက်ထဲ သွားရတာပေါ့ သွားနေရင်းနဲ့ Basketballကွင်းနားရောက်တော့ လူတစ်ယောက် ကစားနေတာတွေ့တယ်
အရပ်ကလဲရှည်ရှည်နဲ့ ဆံပင်အပြာနုရောင်လေးကို ခေါင်းပတ်အနီလေးပတ်ထားတဲ့ လူတစ်ယောက်က Basketballကို ကျွမ်းကျွမ်းကျင်ကျင် ကစားနေတယ် ကျွန်တော်လဲကစားပေမယ့် ကျွမ်းကျင်အဆင့်တော့မဟုတ်ဘူးလေ ဝါသနာအရ ကစားတာပဲ ရှိတာ
ကျွန်တော့်ကို ကျောပေးပြီး ကစားနေတာကြောင့် မျက်နှာကိုတော့ မမြင်ရဘူး ဒါပေမယ့် ရုပ်ချောမယ့်ပုံတော့ရှိပါတယ် အဲ့လူကစားနေတာ ကြည့်လို့ကောင်းတာကြောင့် ရပ်ကြည့်နေမိတယ် ကျွန်တော်လဲ သူ့လိုကစားတတ်ချင်လိုက်တာ
ရုတ်တရတ် Basketballက အဲ့လူပစ်လိုက်တာ ကွင်းကိုကျော်ပြီး အပြင်ထွက်လာတယ် အရှိန်ပြင်းတာကြောင့် ကျွန်တော့်လက်ကို လာမှန်ပြီး ကိုင်ထားတဲ့ လွယ်အိတ်က လွတ်ကျသွားတယ်
Yg:"အ!"
ခံလေ Yoongiရေ စပ်စုပြီးရပ်နေတာကို ခံပေါ့
လွယ်အိတ်ကို ပြန်ကောက်ဖို့ ထိုင်လိုက်တော့ ဘေးနားကနေ ခြေသံကြားတာကြောင့် မော့ကြည့်လိုက်တော့
Yg:"ဘုရားရေ..."
ပါးစပ်ကနေ ဘုရားရေလို့ တလိုက်မိတဲ့အထိ Min Yoongiတို့ Seoulရောက်လာတော့မှ ကံတွေစွတ်ကောင်းနေတော့တာပဲ ကျွန်တော့်ကို အပေါ်စီးကနေ ငုံ့ကြည့်နေတဲ့သူက တစ်ခြားသူမဟုတ် နှစ်ယောက်မရှိတဲ့ Kim Taehyungကြီးပင်
Th:"ဘာဖြစ်သွားလဲကောင်လေး?"
ကျွန်တော်ဘာမှမပြောနိုင်ပဲ မျက်လုံးကြီးပြူးပြီး ကြည့်နေမိတယ် ဒီလောက်ချောတဲ့သူက ဘာလို့လူမိုက်ဖြစ်နေရတာပါလိမ့်
YOU ARE READING
Revenge And Love
Fanfictionငါက ဖောက်ပြန်တဲ့သူဆို သိပ်မုန်းတာ Yoongi မင်းလေးအတွက်ဆိုရင် ဘာပဲလုပ်ပေးရလုပ်ပေးရ ပျော်ပျော်ကြီး လုပ်ပေးမယ့်သူတွေပါ ကလေးငယ်ရယ် Jin/Joon/Seok/Min/Tae/Kook ငါ့လုပ်ရပ်တွေအတွက် တောင်းပန်...