Chapter-4

2.8K 116 2
                                    

"ဘုရားရေ.... ဘက်ကာ၊ နင်ကတော့ တစ်ခုခုပဲ"

နာဗီယာသည် ထိုသို့ပြောပြီး အရူးတစ်ယောက်လို ဗိုက်နှိပ်ကာ ရယ်မောနေလေသည်။

ဘက်ကာသည် နာဗီယာ၏ ရယ်မောခြင်းကို ကြည့်ကာ

"ဟုတ်ပါပြီ....ဟုတ်ပါပြီ....နာဗီယာ နင်ကတော့ ငါ့ကို နှလုံးရောဂါ ရစေလောက်တဲ့အထိရီနေတယ်"

နာဗီယာသည် စစ်မှန်သော  အာဖဂန်- အမေရိကန် ၏ အလှပဂေးဖြစ်လေသည်။ သူမတွင် အညိုဖျော့ရောင် အသားရည်၊ ရှည်လျား သွယ်လျသော်ငြား ဖောင်းတန်သည့်နေရာ ဖောင်းသည့် အမျိုးသမီးလေးဖြစ်သည်။

သူမ၏မျက်ခုံးများက ထုထွင်းထားသည့် ပုံစံလို ဖြစိနေသည်။ ထို့အပြင် ထူထဲသောမျက်တောင်များ၊ အညိုဖျော့ဖျော့မျက်လုံးများနှင့် ပန်းရောင်နှုတ်ခမ်းအစုံတို့က သူမ မျက်တောင်တစ်ချက်ခတ်ရုံမျှဖြင့် ယောက်ျားတိုင်းကို အလွယ်တကူ ဆွဲဆောင်နိုင်သော နတ်ဘုရားမ တစ်ဦးကဲ့သို့ ဖြစ်နေစေသည်။

သူမ၏ ထင်ရှားသော ပါးရိုးများနှင့် မို့မောက်နေသော ရင်သားအစုံက နတ်ဘုရား ဖန်တီးထားသည်ဟု ထင်ရသည်မှာ ပြောစရာမလိုပေ။ သူမအလှအား ဖော်ပြနိုင်သည့် စကားလုံးများက ရှားပါးလွန်းေလသည်။

"နင် လူတွေနဲ့ ခပ်ကွာကွာနေရင်  ပြန်ပေးဆွဲပြီး ရောင်းစားခံရနိုင်တယ်။ ဒါမှမဟုတ် ကားမတော်တဆမှုတောင် ဖြစ်နိုင်တယ်ေနာ်"

နာဗီယာသည် ရေခဲသေတ္တာဆီသို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်သွားကာ ဝီစကီတစ်ပုလင်းနှင့် ဖန်ခွက်နှစ်ခွက်ကို ထုတ်ယူလိုက်စဉ်  ပြောကြားခဲ့သည်။

" ဘယ်သူက ငါ့ကို ပြန်ပေးဆွဲနိုင်မှာလဲ ဟမ်"

ဘက်ကာသည် သူမအသံအယး နာဗီယာကြားနိုင်လောက်သည်အထိ  မေးခဲ့သည် ။  သူမ၏ ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ယှက်ထားရင်း ဘက်ကာသည် ခြေစွပ်အသားကပ်များမှ ပြုတ်ကျလုမတတ် မျက်လုံးများကို ပြင်းထန်စွာ လှုပ်ရှားလိုက်သည်။

"နင်ငါ့ကို အဲ့လိုကြည့်နေလည်း ငါ နင့်ကို ပြန်ခံပြောရဲတယ်နော်.... ကိုယ့်ကိုကိုယ်လည်းကြည့်ဦး... နင်က အရမ်းကို လှတယ်လေ။ ဘယ်သူက နင့်ကို ပြန်ပေးမဆွဲချင်ပဲ နေမှာလဲ ??? နင်သာ ငါ့အချစ်ဆုံး မဟုတ်ရင် ငါလည်း နင့်ကို ပြန်ပေးဆွဲပလိုက်ပြီ သိရဲ့လား..... "

နာဗီယာသည် ဂုဏ်ယူဝံ့ကြွားစွာနှင့် ဝီစကီ အချို့ကို ဖန်ခွက်ထဲ လောင်းထည့်လေသည်။ ထို့နောက် တစ်ခွက်က သူမကိုင်ထားပြီး နောက်တစ်ခွက်အား ဘက်ကာဆီသို့ ကမ်းပေးခဲ့သည်။

The Mafia's Queen (Mm Translation)Where stories live. Discover now