Chapter 38

791 55 2
                                    


‌ဗစ်တာ သည် သူ့အဖေ၏ကားဂိုဒေါင်သို့ ပြေးသွားကာ သူ့ကားဆီသို့ သွားလိုက်သည်။သူသည်  ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်ပြီး အိတ်ကပ်ထဲမှ သော့ကို တတ်နိုင်သမျှ မြန်မြန်ထုတ်လိုက်သည်။ လီယို၏နီးကပ်လာေသာခြေသံများကို ကြားလိုက်ရသည့်အခါ သူထိတ်လန့်သွားခဲ့သည်။ သူ၏ ကြောက်စိတ် လယ်ဗယ်က ငါးရာရာခိုင်နှုန်းအထိ တိုးလာကာ တုန်လှုပ်ခြောက်ခြားစိတ်ဖြင့် ကားတံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့သည်။ ကားထဲကို ဝင်ခါနီးတွင် သူ့ခန္ဓာကိုယ်က ကားမျက်နှာပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ကားတံခါးက ပိတ်သွားခဲ့သည်။

ဗစ်တာက ခေါင်းကို မော့ကြည့်လိုက်သည့်အခါ သူရှေ့တွင် ဒေါသအမျက်ထွက်တဲ့ မျက်နှာနှင့်ရပ်နေသည့် လီယိုကို တွေ့လိုက်ရသည်။

သေခြင်းတရားသည်သာ လူဖြစ်ခဲ့မယ်ဆိုလျှင် လီယိုနာဒိုလို မျက်နှာအသွင်အပြင်ဖြစ်မည်ဆိုတာ သူကျိန်ဆိုနိုင်‌ေလသည်။

လီယိုနာဒိုသည်ဗစ်တာ ၏ ကော်လာကို ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်ပြီး တိရိစ္ဆာန်ဆန်သော အကြည့်ဖြင့် ဗစ်တာ၏မျက်လုံးကို တည့်တည့်ကြည့်လိုက်သည်။

"မင်း ဘယ်သွားမလို့လဲ? ၊ မင်းဘာလို့ သူမနောက်ကို ကြည့်နေတာလဲ? ဟမ်"  လီယိုက အော်မေးလိုက်သည်။

"ငါဘာမှမလုပ်ခဲ့ပါဘူး။"  ဗစ်တာ က ငြင်းဆိုခဲ့သည်။

"လူလိမ်.... မင်းက ငါ့မိန်းကလေးကို မင်းမျက်လုံးတွေနဲ့ ပွတ်သပ်ပြီးကြည့်နေခဲ့တာလေ"
ဗစ်တာ ရဲ့ မျက်လုံးထဲတွင် ဘက်ကာ၏ပုံရိပ်ကိုသူတွေ့လိုက်ရသည့်အခါလီယို၏မျက်လုံးများက ဒေါသများဖြင့် တောက်လောင်နေခဲ့သည်။  သူမက သူ့ရဲ့ ဘက်ကာ.... ။ သူသည် ဗစ်တာ၏လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး သူ၏လက်ချောင်းများကို ဗစ်တာအရေပြားထဲသို့ ပြင်းပြင်းထန်ထန် ညှစ်လိုက်သည်။

လီယိုသည် ဗစ်တာ၏ စိုက်ကြည့်ခြင်းကို အချိန်အတော်ကြာ သတိပြုမိခဲ့သော်လည်း ထိုသူသည် ရည်ရွယ်ချက်မရှိဟု ထင်ခဲ့သည်။ထို့အပြင် ရိုဒရီဂို၏သားကို သတ်ပစ်ဖို့ မလုပ်ချင်သောကြောင့် ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။  ဗစ်တာကို သူ့အကြည့်တွေ ရပ်တန့်ပစ်ဖို့သူအချိန်‌ေပးခဲ့ပေမယ့် ဒီ လူယုတ်မာက သူထင်ထားတာထက် မိုက်မဲခဲ့သည်။ အဝေးကိုအကြည့်လွှဲရမည့်အစား ဗစ်တာ က ဘက်ကာကို တပ်မက်တဲ့မျက်လုံးတွေနဲ့ တမင်တကာဆက်လက် စိုက်ကြည့်နေတဲ့အတွက် သူမခံနိုင်တော့ပဲ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

The Mafia's Queen (Mm Translation)Where stories live. Discover now