Chapter 19

1.2K 77 5
                                    

ယခု လီယို၏ကားသည် နောက် တာဝန်တစ်ခုလုပ်ရန် အခြားတစ်နေရာသို့ ဦးတည်နေခဲ့သည်။ အခြား ပြည့်တန်ဆာတစ်ယောက်ဆီသို့.... သူ၏ဒေါသသည် အနည်းငယ် အုံတနွေးနွေးဖြစ်နေပေမယ့် အရမ်းကြီး စိတ်တိုနေတာတော့ မဟုတ်ခဲ့ဘူး။ ဒါကြောင့် သူနဲ့တွေ့ဆုံမယ့်လူက ပိုကောင်းတဲ့အပြုအမူရှိဖို့ သူမျှော်လင့်တယ်။ ဒါမှမဟုတ်ရင် သူ့လည်း အကောင်းဆုံးအမူအကျင့်ရှိနေဖို့ ကတိမပေးနိုင်ဘူး။

လီယိုသည် ခရစ်စတီးနား ရားမက်ဆီ မသွားတာကြာပြီး ဖြစ်သောကြောင့် သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။  ခရစ်စတီးနား ရားမက် သည် ပဲရစ်တွင် မော်ဒယ်လ်အေဂျင်စီတစ်ခုအတွက် စူပါမော်ဒယ်တစ်ဦးအဖြစ် လုပ်ကိုင်နေသည့် ဘက်ကာ ၏ ဖအေတူမအေကွဲညီအစ်မဖြစ်‌ေလသည်။ မကြာသေးမီက သူမသည် နယူးယောက်တွင် အရေးကြီးသော တစ်ပတ်ကြာမြင့်မည့် မိသားစုပါတီပွဲတက်ရောက်ရန်ရှိသောကြောင့် သူမသည်  မက်ဆာချူးဆက် သို့ မသွားရောက်မီ အမေရိကန်နိုင်ငံသို့ ပြန်လာခဲ့သည်။

လီယိုနှင့် ဂျော်နီရားမက်သည် ကောလိပ်တက်ကတည်းက ပေါင်းလာခဲ့သော အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပြီး ခရစ်တီးနားနှင့်လည်း ရင်းနှီးလေသည်။ သို့သော် လီယို မားဖီးယားဂိုဏ်းထဲသို့ ဝင်စဉ်ကတည်းက သူမ၏အပြုအမူများသည် လုံးဝပြောင်းလဲသွားကာ သူတို့ နှစ်ယောက်ကြားတွင် ဆက်ဆံရေး ပျက်ပြားသွားလေသည်။

လီယိုသည် ခရစ်စတီးနား အခုလက်ရှိနေ နေသည့် နေရာအားသွားရန် သူ့၏လက်ထောက်တစ်ယောက်ကို အမိန့်ပေးလိုက်လေသည်။ သူမသည် တစ်မြို့နှင့် တစ်မြို့ကူးသန်းနေပြီး နေရာ အတည်တကျ မနေသောကြောင့်ဖြစ်သည်။ ဒါပေမယ့် သူမ ဒီတိုင်းပြည်မှာပဲ ရှိနေတယ်ဆိုတာကိုတော့ သူ ဝမ်းသာမိလေသည်။ မဟုတ်ရင် သူမကိုရှာဖို့ အချိန်ကုန် ငွေကုန် ဖြစ်နေဦးမည်။ သူသည် လက်ပတ်နာရီအား ငုံ့ကြည့်လိုက်ပြီး အချိန်ကို မြင်လိုက်သောအခါ သက်ပြင်းချမိသွားလေသည်။

သေစမ်း!!!
တော်တော်တောင် နောက်ကျနေပြီး။

ခရစ်စတီးနား နေသည့် နေရာသည် သူတို့ သူငယ်ချင်း ဖြစ်နေတုန်းက နေသည့် နေရာဖြစ်တဲ့အတွက်ကြောင့် သူ့တွင် သော့အပိုရှိနေလေသည်။ သူမက ပုံမှန်ဆို ၁၀နာရီလောက်မှသာ ပြန်ရောက်လာသည့်အတွက် အခု ကိုးနာရီခွဲသာ ရှိသေးတာကြောင့် သောက်စရာ တစ်ခွက် နှစ်ခွက်လောက် သောက်ရင်း သူမကို စောင့်နေမည်ဟု တွေးထားလေသည်။

The Mafia's Queen (Mm Translation)Where stories live. Discover now