Chapter 50

793 66 2
                                    


ဂျော်နီသည် လီယိုအား သံသယဖြင့်စိုက်ကြည့်လိုက်သည်။ လီယိုသည်သူ့ခေါင်းတွင် ဝက်အူချောင်နေမှန်းသိခဲ့သော်လည်း ဂျော်နီသည် သူနှင့် သူငယ်ချင်းအဖြစ် ဆက်နေရန် ရွေးချယ်ခဲ့သေးသည်။ ယခုအခါ သူ၏ ဆုံးဖြတ်ချက်ကိုအမှန်တကယ် ပြန်လည်စဉ်းစားနေပြီဖြစ်သည်။

'အဲဒါကို သူဘယ်လိုမှတ်မိတာလဲ'  ဂျော်နီက သူ့ကိုယ်သူ မေးလိုက်သည်။

ဟုတ်ပါတယ်....ဂျော်နီက လီယိုကို သူနာဗီယာ အတွက်ခံစားချက်ရှိတယ်လို့ ပြောခဲ့သည်။ ဒီစကားက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းကနှစ်ယောက်စလုံး မူးနေရင်း မတော်တဆထွက်သွားသည့် စကားဖြစ်သည်။  သူတို့သည် ထိုအလဟသအကြောင်းအရာနှင့် အချိန်ဖြုန်းခဲ့ကြပြီး ဂျော်နီက သူ့ညီမငယ်၏သူငယ်ချင်းကို ဆွဲဆောင်နိုင်ခဲ့သော်လည်း လီယိုက ဒီအကြောင်း အာရုံစိုက်နေမည် ဒါမှမဟုတ် မှတ်မိေနလိမ့်မည်ဟုမထင်ခဲ့ပေ။

"မင်းပြောသလိုပဲ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက အခြေအနေတွေက ပြောင်းလဲသွားပြီ။" ဂျော်နီက ဒဏ်ရာရနေသော လက်ကို တစ်ချက်ကြည့်လိုက်ကာ မည်ကဲ့သို့ထုတ်ဖော်ရမည်ကိုမသိသည့် ပျော်ရွှင်မှုများက လှိုက်တက်လာလေသည်။

ရှစ်နှစ်လောက်ရှိပြီဆိုတော့ အရာရာ ပြောင်းလဲသွားကြပြီ။ သူအိမ်ထောင်ကျသွားတာတောင်မှ သူ့ခံစားချက်တွေက မပြောင်းလဲခဲ့ပေ။ သူတို့နှစ်ေယာက်လုံးသန်မာလာကြပြီဖြစ်သည်။ သူမကို တကယ်ကြိုက်ခဲ့ပေမယ့် ကံကြမ္မာက သူနှင့်အတူ မရှိခဲ့ပေ။ သူတို့နှစ်ယောက်ကြားက အရာအားလုံးက ရှုပ်ထွေးလွန်းပြီး အရှုပ်ထွေးဆုံးက သူမ ဟိုခွေးကောင်နဲ့ တွဲနေပြီး သူကတော့ လက်ထပ်လိုက်ရခြင်းနဲ့ အဆုံးသတ်ခဲ့ရလေသည်။

"ဟုတ်လား? အရာရာ မပြောင်းလဲသေးပါဘူး  အထူးသဖြင့် ဒီကိစ္စမှာ မပြောင်းလဲဘူးဆိုတာ ငါတို့နှစ်ယောက်လုံးသိတယ်။"  လီယို ကပြောပြီးေနာက်ဂျော်နီ၏အတွေးနက်နက်ကို သတိထားမိလိုက်သည်။ သူမသတင်းအတွက် သူပျော်နေမှန်း သိသော်လည်း တစ်ချိန်တည်းမှာပင် ကွဲလွဲနေသည်ဟု ခံစားလိုက်ရသည်။

လီယို သည် ဘက်ကာ ကို စောင့်ကြည့်ရုံသာမက အေ့စ် ကိုလည်း စောင့်ကြည့်ခဲ့ပြီး သူကြိုတင်ခန့်မှန်းထားသည့်အတိုင်း အေ့စ်သည် မိုက်မဲသူဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။  အေ့စ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က အရင်ကထက်ရဲရင့်လာခဲ့ပြီး ယခုအခါ ၎င်း၏ကြက်မကလေးနှင့် လူသိရှင်ကြား တွဲသွားတွဲလာထုတ်ဖော်ပြသမှုများ ပြုလုပ်လာခဲ့သည်။

The Mafia's Queen (Mm Translation)Where stories live. Discover now