Chapter 9

1.9K 118 1
                                    

လီယိုသည် သူ၏ အလှပဂေးဆီမှာပဲ မျှော်လင့်ချက်မဲ့နေသည့် ဆယ်ကျော်သက်လေးလို့ ညို့ယူဖမ်းစားခံနေရတုန်းဖြစ်သည်။

"မစ္စတာ ကိန်း....." သူ၏ စီးပွားရေး ပါတနာတစ်ဦးက သူ၏အာရုံအား ပြန်ဆွဲယူခဲ့သည်။

"ဟမ်????"

သူ၏ပါတနာအား တစ်ချက်ကြည့်ပြီး ပြန်ထူးခဲ့သည်။ သူတို့အားလုံးကို လျစ်လျူရှုတာက ရိုင်းစိုင်းတယ်ဆိုတာ သိပေမယ့် သူ ဒါတွေ ဂရုမစိုက်ဘူး။ သူတို့အားလုံးကို လီယို ကြောက်ရွံ့ထိတ်လန့်စေမည့် အကြည့်တစ်ချက်ပို့လိုက်သည်။

နာဗီယာသည် body guardပေါင်းများစွာ ခြံရံပြီး VIP ခုံမှာ ထိုင်နေသည့် အမျိုးသား က သူမသူငယ်ချင်းကို ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး အရာအားကြည့်ရှုနေရသကဲ့သို့ တစိုက်မတ်မတ်ကြည့်နေလေသည်။

ကလပ်မှာ ယောင်္ကျားလေးတွေက မိန်းကလေးတွေကိုကြည့်တာ အထူးအဆန်းမဟုတ်ပေမယ့် ဘက်ကာကို သူကြည့်နေတဲ့ပုံစံက နာဗီယာကို မျက်ခုံးလှုပ်စေခဲ့သည်။ ထိုမြို့ကြီးသား၏ အကြည့်က စိတ်ရှုပ်မှုမဖြစ်‌ေစပဲ သူ့မျက်လုံးများက လေဆာ ကဲ့သို့ စူးရှနေခဲ့သည်။

နာဗီယာသည် ဘက်ကာကို ကြည့်ပြီး သူမ၏ နား သို့ကပ်ကာ

"ငါ့ နားလာထိုင်"

ပူလောင်သည့် တနဂ်နွေနေ့မှာ သူမကြိုက်သည့် ရေခဲမုန့်ကို စားနေရသလိုမျိုး ထိုသူက သူမကို စိုက်ကြည့်နေသည်ဟု နာဗီယာ ပြောလိုက်လျှင် ဘက်ကာ ယုံကြည်မှာ မဟုတ်ပေ။ ဒါကြောင့် သူမ အကြံအစည် တစ်ခု ပြုလုပ်လိုက်သည်။ ဘက်ကာကို သူမကိုယ်တိုင် မြင်ခွင့်ပြုလိုက်မည်။

"ဘာလို့လဲ ????"

"ငါ နင့်ကို ဘေးမှာခေါ်ထိုင်တာ ပြစ်မှုလား ???"

နာဗီယာသည် မပြည့်စုံသော အဖြေကိုပေးကာ ဘက်ကာအား စကားလံုးများဖြင့် ပစ်ပေါက်လိုက်သည်။

"မဟုတ်ပါဘူး... အေ့စ် ဒီကိုရောက်ရင် သူက နင့်အနားထိုင်ရမှာလေ... သူ နင့်အနားထိုင်ရတာ ကြိုက်တယ်ဆိုတာ ငါသေချာသိတယ်... " ဘက်ကာက ရိုးရိုးသားသား ဖြေလိုက်သည်။

The Mafia's Queen (Mm Translation)Where stories live. Discover now