"Olaf"

560 23 2
                                    

Unicode

Disney က ထုတ်လုပ်ခဲ့တဲ့ frozen ဆိုတဲ့ animation ဇာတ်လမ်းလေးကို လူတွေအတော်များများသိကြတယ် ။ လူကြိုက်လည်းများကြတယ်။

အများအားဖြင့် frozenလို့ပြောလိုက်ရင် Elsa ၊ Anna ဆိုတဲ့ သိပ်ချစ်ကြတဲ့ ညီအမနှစ်ယောက်ကို ပြေးမြင်ကြမှာပဲ ။ ဪ မပါမဖြစ် သူတို့ညီအမနှစ်ယောက်ရဲ့ အချစ်တော်လေး Olaf ကိုရောပေါ့။

"Olaf " ဟုတ်တယ်  ။  Elsa နဲ့ Anna ငယ်စဉ်က နှင်းလေးတွေ ဖန်တီးပြီး ကစားကြရင်း နှင်းလူသားရုပ်လေး ဖန်တီးခဲ့ကြတာ ၊ အဲ့နှင်းလူသားလေးကို "Olaf " လို့ နာမည်ပေးခဲ့ကြတယ် ။ သာမန်ဆို အဲ့ Olaf အမည်ရ နှင်းလူသားလေးက အသက်၀င်လာစရာမရှိပေမဲ့ Elsaရဲ့ မှော်စွမ်းအင် တွေကြောင့်  အိမ်မက်တွေအပြည့်နဲ့ နိုးထလာတဲ့ နှင်းလူသားလေး ဖြစ်လာခဲ့တယ် ။

တကယ်ဆို Olafဆိုတဲ့ နှင်း‌လူသားလေးရဲ့ အိမ်မက်တွေက ရူးသွပ်ရာကျလွန်းတယ် ။ သူအိမ်မက်လေးက နေရောင်ခြည်နွေးနွေးရဲ့ အောက်မှာ အနွေးဓာတ်ကို ခံယူပြီး နွေဉီးနဲ့အတူ ဖူးပွင့်လာတဲ့ ပွင့်သစ်စပန်းတွေနဲ့ မြူးတူးနေမဲ့ ငှက်မောင်နှံလေးရဲ့ ချစ်ခြင်းတွေကို ခံစားချင်မိပြီး နွေဉီးကို ကြိုဆိုချင်တာ ။

အဟက် ရူးမိုက်လွန်းရာမကျဘူးလား ။ သူက နှင်းလူသားလေးလေ ။ နှင်းဆိုတဲ့ အရာက ‌ရွေဝါရောင်သန်းနေတဲ့ နေအလင်းရောင်မဆိုထားနဲ့ နီဖျော့ဖျော့ ရောင်နီ လာရင်တောင် ပျောက်ကွယ်သွားရတက်တာမျိုးလေ။ အမှန်စင်စစ်မှာ Olaf လေးရဲ့ အိမ်မက်က လုံး၀မဖြစ်နိုင်မှန်းသိကြတယ်။

ဒါပေမဲ့လည်း ဒါလေးက ဇာတ်လမ်းတစ်ပုဒ်လေ။  "Olaf" ဆိုတဲ့ နှင်းလူသားလေးက Elsa and Anna ညီအမနှစ်ယောက်ရဲ့ ချစ်ခြင်းသင်္ကေတလေးဆိုတော့ သူဟာ ပျောက်ကွယ်သွားလို့မဖြစ်တဲ့ ဇာတ်ကောင်လေး ။

ဇာတ်လမ်းထဲက နှင်းလူသားလေး "Olaf"ကို နောက်ဆုံးမှာ Elsaက ကိုယ်ပိုင်နှင်းတိမ်တိုက်လေး တစ်ခု‌ဖန်တီးပေးပြီး သူ့ရဲ့ ရူးမိုက်လွန်းတဲ့ အိမ်မက်ဖြစ်တဲ့ နွေဉီးကိုကြိုဆိုချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တယ် ။ နောက်ဆုံးတော့ ပုံပြင်ဇာတ်လမ်းလေးတွေရဲ့ သွားရာလမ်း happily ever after ပါပဲပေါ့။

Snowman ☃️⛄  (Complete)Where stories live. Discover now