part -1

299 31 5
                                    

Unicode

ဂျပန်နိုင်ငံ အစွန်အဖျား ရွာလေးတစ်ခုကို ခဏတာအနားယူရန်ဆိုတဲ့ အကြောင်းပြချက် .......ဒါမှမဟုတ် သူ့ကိုယ်သူအတွက် လွတ်လပ်ချိန်တစ်ခုပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်လကြာ အလည်လာနေတဲ့ ရှောင်းကျန့်က ဒီနေရာလေးကို အတော်သဘောကျနေမိပြီ။

တစ်ဖွဲဖွဲကျနေတက်တဲ့ မနက်ခင်းရဲ့ နှင်းတွေရဲ့ အေးစက်မူနဲ့အတူနိုးထပြီး သူရဲ့ အပန်းဖြေတည်းခိုဆောင်လေးက အစွန်းဆုံး တောင်ထိပ်ဖျားမှာ ရှိတာကြောင့် နှင်းတွေကြားထဲက ဖြူဖွေးနေတဲ့ ဂျပန်ကျေးလက်ရိုးအိမ်လုံးလေးတွေ ငုံကြည့်ရတာ တကယ်သဘောကျတယ် ။ တစ်ယောက်တည်းအလည်လာခဲ့ပေမဲ့ အထီးမကျန်ဘဲ သူရဲ့ ရတုန်းရခိုက်အခွင့်အ‌ေရးကို အပြည့်အ၀ အသုံးချနေတာ ။

မနက်ခင်းနှင်းတွေ ဖွဲဖွဲလေးကျနေတက်ပေမဲ့ နေရောင်ခြည်စစ ပျိုးချိန်ကျ ပျောက်ကွယ်သွားပြန်ရော ။ အဲ့လို ဖြာကျနေတဲ့ နေရောင်တွေကြားတောင်အောက်ကို ဆင်းပြီး မနက်စာ ၀ယ်ဖို့ဆင်းရတယ် ။ တစ်လကြာနားခိုနေတော့ တောင်ခြေ စတိုးဆိုင်က ဆိုင်ရှင်အဖွား ဂျူရိုစံ က သူကို မှတ်မိနေပြီ ။

"ဂျူရိုစံ"

တရုတ်သံ ဝဲဝဲ နဲ့ ဂျပန်လိုအော်ခေါ်နေတဲ့ တရုတ်ပေါက်လေးကြောင့် ဂျူရိုစံက ဆိုင်နောက်ဖေး က ထွက်လာတယ်။

" ‌ကျန့် ပစ္စည်းလာ၀ယ်တာဆို လိုအပ်တာ ၀ယ်ပြီး အမြန်ပြန်တော့ ပြီးတော့ ထင်းခြောက်တွေနဲ့ ရေနံဆီလည်း ယူသွားဉီး"

ပြောရင်းဆိုရင်း ပစ္စည်းတွေတစ်ပုံတစ်ပင် ထိုးထည့်ပေးလာတော့ ရှောင်းကျန့်မှာ တစ်ပွေ့တစ်ပိုက်သယ်ထားရပြန်တယ်။

"ဘာဖြစ်လို့လဲ ဂျူရိုစံ "

"ညက ‌သတင်းမှာကြေညာထားတယ် မနက်ပိုင်းခဏပဲ နေသာလိမ့်မယ် ပြီးရင် နှင်းမုန်တိုင်းတိုက်လိမ့်မယ် "

ရှောင်းကျန့်က တမင်သက်သက် လူနေနည်းတဲ့ တောင်ပေါ်အစွန်းမှာနေတာကြောင့် သတင်းလိုင်းဟာ ဘယ်တော့မှာ မမိပါ။ ဒါကြောင့်လည်း ဂျူရိုစံ စကားကိုနားထောင်ပြီး တောင်ပေါ်အမြန်ပြန်တက်လာရတယ် ။ လိုရမယ်ရ ခေါက်ဆွဲဘူးတွေပါ ၀ယ်လာခဲ့တယ် ။ သူနေလာတဲ့ တစ်လအတွင်း ဒီရွာဘက်မှာ မကြာခဏဆိုသလို နှင်းမုန်တိုင်းအသေးစားက တိုက်နေကြမို့ နောကြေနေပြီး နှင်းမုန်တိုင်းဖြစ်ပြီး နောက်နေ့ဆို လမ်းတွေ မပေါက်အောင်ကို လမ်းတွေပိတ်ကာနေလိမ့်မယ် ဒါဆို သူ့အတွက် တောင်ခြေဆင်းဖို့မလွယ်တာကြောင့် အစားအသောက်အတွက် အခတ်တွေ့လိမ့်မယ်။

Snowman ☃️⛄  (Complete)Where stories live. Discover now