Sun Shine 🌞

253 34 2
                                    

Unicode

"ရှောင်းယူရီ ဖြေးဖြေး ပြေးလေကွာ ပါးပါး မလိုက်နိုင်တော့ဘူး "

"ရဘူး ရဘူး ပါးပါး မှီအောင်လိုက် ခစ်ခစ် "

ဂုတ်ထောက်ဆံပင်ဝဲဝဲလေးကို နှစ်ဖက်စုစည်းပေးထားတော့ ဂျပန်တရုတ်ပေါက် 5နှစ်သမီး ယူရီလုံးလုံးလေးက တစ်လုံးလုံးနဲ့ တောင်ပေါ်ပြေးတက်ပါတယ်တော့ ။

မီနာစံက ယူရီလေးကို မွေးပြီးပြီးချင်းပဲ ဆုံးပါးခဲ့တာကြောင့် ယူရီလေးကို သူကပဲ အမေလိုရော အဖေလိုပါ နွေးထွေးမူပေးပြီးစောင့်ရှောက်ခဲ့တယ်။

အခုလိုမျိုး   ပြန်ဆုံဖြစ်ရင် နှင်းလူသားရုပ်လေး  အတူတူလုပ်ကြမယ်  ပြောခဲ့တဲ့ ကောင်စုတ်လေးကို သတိရရင်တော့ ယူရီလေးကို ခေါ်ကာ ဒီဂျပန်ရွာ တောင်ပေါ်က တည်းခိုဆောင်လေးကို လာဖြစ်နေတုန်းပဲ ။

ကတိမတည်တဲ့ တစ်ယောက်နဲ့ အတူလုပ်မယ့် နှင်းလူသားရုပ်လေးကို ပုံဖော်နေမိလို့လားမသိ သူနှင်းလူသားရုပ်လေးတွေ ထပ်မလုပ်ဖြစ်တော့တာ သမီးလေးတစ်သက်ပဲ ။

ဘုတ် အင့်

"‌ဟော် ကြည့် ပါးပါးပြောတယ်မလား ‌မပြေးပါနဲ့ဆို အခုတော့ လူကြီးတစ်ယောက်လုံးတောင်မမြင်ပဲ တိုက်မိကုန်ပြီမလား "

ရှောင်းကျန့်က ပွစိပွစိလည်းပြောရင်း လူကြီးတစ်ယောက်ကို ၀င်တိုက်မိရင်း ဖင်ထိုင်ရက်လဲနေသော ယူရီလေးကို ထူရတယ်။

"အရင်လို ပွစိပွစိ နိုင်တုန်းပဲနော် ကတိအတိုင်း နှင်းလူသားလေး အတူ ဆောက်ခွင့်ပေးမယ်မလား "

သမီးလေးအကျီမှာ ပေနေတဲ့ နှင်းတွေကို သုတ်ပေးရင်း ကြားမိတဲ့စကားသံလေးကြောင့် မော့ကြည့်မိတော့ သူ့ကို‌ပြုံးပြီးကြည့်နေတဲ့ ကောင်လေး ။ ဆွယ်တာလက်ရှည်အစိမ်းရင့်လေးကို ဘောင်းဘီအဖြူနဲ့ တွဲ၀တ်ကာ အပြုံး‌တွေဝေဝေဆာဆာပေးနေတယ်။ အရင်နဲ့မတူ ပါးကြီးနှစ်ဖက်က ပိုဖောင်းကားလာပါတယ် ။
ရှောင်းကျန့် ဘာမှ ပြန်မဖြေမိသေးခင်မှာပဲ ၀မ်ရိပေါ်  ခေါ် နှင်းကောင်လေးက သမီးလေးလက်ကို ဆွဲကာ တောင်ပေါ်တက်သွားပြီ။

Snowman ☃️⛄  (Complete)Where stories live. Discover now