Snowman ☃️⛄

204 33 1
                                    

Unicode

ညစောင်းတော့ အိမ်အပြင်ဘက် မီးသီရောင်စုံနဲ့ အိမ်ဘေးပတ်လည်မှာရှိတဲ့ မီးလုံးဖြူဖြူတွေအကုန်လိုက်ဖွင့်တော့ ညမှောင်မှောင်ကြားထဲမီးလုံးက အလင်းရောင်ကြောင့် အိမ်အပြင်က နှင်းဖြူဖြူတွေ တလက်လက်နဲ့ အရောင်တောက်နေသလို။

ရှောင်းကျန့်က အနွေးထည်ထူထူ၀တ် ဂေါ်ပြားတစ်လက်ကိုင်ပြီး အပြင်ပြန်ထွက်သွားပြန်တယ်။ လက်ထဲလည်း စက္ကူဘူး တစ်ခုကိုင်သွားသေးတယ်။ ယုကီကတော့ မှန်ပြတင်းကနေပဲ ရှောင်းကျန့်လုပ်သမျှ ငေးကြည့်နေလိုက်တော့တယ်။

ကုပ်ကုပ်နဲ့ ပြန့်ကြဲနေတဲ့ နှင်းတွေကို တစ်စုတစ်စည်းထဲဖြစ်အောင် လုပ်ပြီး မြေပြင်ပေါ်မှာပဲ နှင်းလုံးအကြီးကြီးဖြစ်အောင် လုံးတယ် ။ အရွယ်မတူ နှင်းလုံးနှစ်ခု ရလာတော့ နှင်းလုံးကြီးအပေါ်အသေးလေးကို ထပ်တင်တယ် ။ ခုနက အသေးလေးထက် အနည်းငယ် ပိုသေးတဲ့ အရွယ် နှင်းလုံးတစ်ခုကို ထပ်လုပ်ပြီး အပေါ်ဆုံးမှာထပ်တင်တယ် ။ နှင်းတွေကို ပယ်ပယ်နယ်နယ်ကိုင်နေရလို့ အေးစက်ထုံကျင်နေပုံရတဲ့ လက်နှစ်ဖက်ကိုလည်း နှုတ်ခမ်းနားကပ်လို့ အာငွေ့ပေးနေသေးတယ် ခဏပါပဲ ပြီးတာနဲ့ သူလက်က ပိုက်သွားတဲ့ စက္ကူဘူးလေးကို ဖွင့်ပြီး အထဲကပစ္စည်းလေးတွေကို ထုတ်တယ်။

မာဖလာ အနီအရှည်ကြီးတစ်ထည် ၊ အကျီကြယ်စေ့ အမဲ အကြီးကြီးသုံးခုနဲ့ ဘာလေးတွေလဲမသိတဲ့ အမဲစေ့လေးနှစ်ခု နောက်ပြီး ကျောက်စရစ်ခဲမှုန်မှုန်သေးသေးလေးတွေရယ် မုန်လာဉနီလေးတစ်ခု။

"အဟက်"

ကလေးလေးတွေလို တစ်ယောက်ထဲ နှင်းလူသားရုပ်လေး လုပ်ရင်း အလုပ်ရှုပ်နေတဲ့ ရှောင်းကျန့်ကိုကြည့်ရင်း ယုကီ က အသံထွက်အောင်ရီမိတယ် ။ ဒီလူက ကလေးဆန်လွန်းတယ်။ ယုကီလည်း 13နှစ်သားလောက်တုန်းက နှင်းလူသားဆောက်ဖူးတယ် ။ ဇူကိုဆမာက သေနတ်ပစ်လေ့ကျင့်ဖို့ ဆောက်ခိုင်းတာပါ ။ သူကိုယ်တိုင်လှလှပပ လုပ်ခဲ့တဲ့ နှင်းလူသားရုပ်လေးတွေကို သူလက်နဲ့ပဲ ဖျက်ဆီးခဲ့ရတယ်။

အိမ်ရှေ့တည့်တည့်မှာ ပြုံးပြီး တည်ရှိနေတဲ့ နှင်းလူသားရုပ်လေးပြီးစီးသွားတဲ့ အခါမှာ ရှောင်းကျန့်က ထုံနေတဲ့ ခြေထောက်တွေကြောင့် ခုန်စွခုန်စွနဲ့ အိမ်ထဲ ပြန်၀င်လာတယ်။

Snowman ☃️⛄  (Complete)Where stories live. Discover now