part-2

206 32 3
                                    

Unicode

ဒဏ်ရာ‌ရဲ့ တစစ်စစ်ထိုးကိုက်မူနဲ့အတူ နိုးလာခဲ့တယ် ။ မနေ့က လောက်ကောင်တွေ သစ္စာဖောက်လို့ သူဒဏ်ရာကြောင့် ပြန်မခုခံနိုင်တော့တဲ့အချိန် ဒီတောင်ပေါ်ဘက်ကို ပြေးလာရင်း မျက်လုံးမြင်မိတဲ့ ဒီခေါင်မိုးထပ်ကို တွယ်တက်လာခဲ့တာ ။

"တောက် (စ်)  အသားထဲက လောက်ထွက်တဲ့ကောင်တွေ "

ဂျီယူ တို့ကို အကြောင်းစုံသတင်းလှမ်းပေးဖို့ ဖုန်းကို လိုက်ရှာမိတော့ သူစိမ်းသက်နေတဲ့ အခန်းတစ်ခု။ ကိုယ်ပေါ်၀တ်ထားတဲ့ အ၀တ်အစားတွေကလည်း သူ့အ၀တ်‌အစားတွေမဟုတ် ပခုံးပြင်နေရာ‌ကတောင် ကြပ်နေသေးတယ်။ သူဆောင်ထားနေကျ ဓားကိုတောင် ကုတင်ခေါင်းရင်းမှာ ထားပေးထားပုံထောက်ရင် ရန်သူတော့မဖြစ်တန်ဘူး။

"နိုးပြီလား မင်းသတိမေ့နေတာ နှစ်ရက်လောက်ရှိပြီ ၊ ဒဏ်ရာကတော့ နက်တယ်ထင်တယ် ငါလည်းမလုပ်တက်ဘူး ရှိတဲ့ဆေးလည်းလိမ်းပေးထားရတာ နာနေသေးလား။ မင်းနိုးပြီဆိုတော့ စားဖို့တစ်ခုခုလုပ်ပေးမယ်လေ အပြင်မှာ နှင်းတွေဖုံးနေတာ ငါလည်းဘာမှ ထွက်၀ယ်လို့မရဘူး ခေါက်ဆွဲဘူးတွေပဲရှိတယ် အဲ့ဒါပဲ ပြုတ်ခဲ့ပေးမယ်"

အခန်းတံခါးဖွင့် ကုတင်ပေါ်က သူ့ကို လှမ်းမြင်တာနဲ့ စကားတရပ်စပ်ပြောပြီး ပြန်ထွက်လူက ဂျပန်လိုအဆက်မပြတ်ပြောသွားသော် အသံကဝဲဝဲရယ်ဖို့ ဂျပန်လူမျိုးမဟုတ်တဲ့ ခရီးသွားဧည့်သည်မှန်းသိလိုက်သည်။

---------------------------------

ရှောင်းကျန့်လည်း မီးဖိုထဲ ပြန်၀င်လာခဲ့ပြီးမှ အဆက်မပြတ်တုန်နေတဲ့ လက်တွေခြေတွေကို ငြိမ်အောင်ထားရတယ်။ ထိုလူက သတိရလာပြီ ။ သတိမမေ့ခင်ကတောင် ကိုယ့်လည်ပင်းကို ဓားထောက်ထားတဲ့လူ သတိမရှိခင်က ဘယ်လိုပဲ ကူညီထား ကူညီထားပါစေ လူဆိုးလေ ။ ကိုယ့်ကို အခုချိန်တစ်ခုခုများလုပ်လိုက်ရင် နှင်းတွေပြည့်နေတဲ့ လမ်းမတွေကြောင့် ကိုယ့်မှာလွတ်လမ်းမမြင်ပါ။ ဒီအိမ်ကြီးထဲမှာပဲ လက်စဖျောက်ခံလိုက်ရနိုင်သည်လို့တွေးမိတော့ ခြောက်ကပ်နေတဲ့ လည်ချောင်းနဲ့ပဲ တံတွေးတစ်ချက်မျိုချလိုက်မိတယ် ။

Snowman ☃️⛄  (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ