Ending of snowman

236 29 2
                                    

Unicode

မနက်ရောက်တော့ သူ့စကားကိုဖုန်းထဲမှာပဲ ကန့်လန့်တိုက်တဲ့ ဂျီယူက တောင်ခြေမှာရောက်နေပြီ ဖြစ်ကြောင်းဖုန်းဆက်တယ်။

ယုကီကလည်း သူနဂိုက ၀တ်လာသော ရှပ်အဖြူနဲ့ ဘောင်းဘီအမဲ ကုတ်အကျီအရှည်အမဲတို့ကို ပြန်၀တ်ဆင်ပြီး သရေလက်အိတ် အမဲတို့ကို ၀တ်ဆင်ထားတော့တယ် ။

အခုပဲ ဒီကောင်လေးက ဂန်းစတားပုံပြန်ပေါက်တော့တယ် ။ သူနဲ့အတူရှိနေတဲ့ တစ်ချိန်လုံး သူ့ဆွယ်တာလေးတွေပဲ ပေး၀တ်ထားတော့ ကလေးပေါက်စလေးလိုဖြစ်နေတော့ သူမှာကြောက်ဖို့ပင်မေ့နေခဲ့တာ ။

"ဒီရက်တွေအတွင်း နားခိုခွင့်ပေးပြီး ဆေးကုသပေးခဲ့လို့ ရှောင်းကျန့်ကိုကျေးဇူးတင်ပါတယ်"

ခါးကိုင်းဉီးညွှတ်ရင်း ကျေးဇူးတင်ကြောင်း ပြောလာတော့ ရှောင်းကျန့်ရင်ထဲ တစ်မျိုးကြီးပင် တစ်စုံတစ်ယောက်က ဝင်လာတယ် ပြီးရင် နှုတ်ဆက်ထွက်သွားတာမျိုးမကြိုက်ဘူးလို့သူပြောခဲ့သားပဲ။

"အင်းရပါတယ် ငါလည်း နောက်ရက်နည်းနည်းကြာရင် တိုကျိုကို သွားရတော့မှာ "

လက်ထက်ပွဲကိစ္စဆိုတာ သိနေတော့ ယုကီက ပြုံးရင်း ခေါင်းညှိမ့်ပြတယ် ။

"ဒါဆို ခွင့်ပြုပါဉီး"

"အင်း "

နှင်းဖြူဖြူတွေကြားထဲ တစ်ကိုယ်လုံး မဲနက်နေတဲ့ အမဲရိပ်လေးကခပ်သွက်သွက်ခြေလှမ်းတွေနဲ့ ရှောင်းကျန့်ကိုကျောပေးပြီးထွက်သွားပြီ။

"အိုက်ယားထားခဲ့ခံရတာမကြုက်ပါဘူးဆို ထားခဲ့ခံရပြန်ပြီ ။"

အိမ်ခန်းထဲ ပြန်၀င်လာတော့ တစ်ယောက်ထဲ တစ်လလုံးလုံးနေခဲ့တဲ့ အိမ်လေးက သုံးလေးရက်လောက် လူပိုတစ်ယောက်ရောက်လာမိတာနဲ့ ခြောက်ကပ်တယ်ဆိုတဲ့အကျင့်ပျက်မူလေးက၀င်လာပြီ။

"တင်း ....တောင် ....တင်း ....တောင် ..."

ခုနလေးပဲ လူတစ်ယောက်ထွက်သွားတယ် အခုပဲ လူတစ်ယောက်က တံခါးဘဲ လာတီးတယ်လို့ တွေးမိတော့ရှောင်းကျန့်က နှာခေါင်းတစ်ချက်ရှုံရင်း ဟွန့်ခနဲလုပ်လိုက်တယ် ။

Snowman ☃️⛄  (Complete)Where stories live. Discover now