part2💖(uni& zawgyi)

653 42 4
                                    

Unicode

💖💖💖💖💖

ပထမဦးဆုံး jungkookလေးရဲ့ အလုပ်တက်တဲ့နေ့စလာပါပြီး
Taehyung လည်းအလုပ်ခိုင်းဖို့အရန်သင့်စောင့်နေတာပေါ့။ဘာမဆိုခိုင်းလို့ရတဲ့ မန်နေဂျာ ချစ်စရာလေးရှိနေတော့ အလုပ်မရှိလည်းခိုင်းဖို့အတွက် မပြီးသေးတဲ့ စာရင်းတွေမရမကရှာပြီး ခိုင်းတာပေါ့။ကဲစပြီး

"ဟိုကောင်လေးကမလာသေးဘူးလား"

"လာတော့မှာပါ သခင်လေး"

"ကျွန်တော်အလုပ်ကိုမလေးစားတာမကြိုက်ဘူးဦးလေးချာသိတယ်နော်"

"ပထမရက်ဆိုတော့ နောက်ကျနေလို့ဖြစ်မှာပါ သခင်လေး"

"နောက်ဆို ကျွန်တော်မရောက်ခင် အရောက်လာခိုင်းလိုက်ပါ ဦးလေး အချိန်မလေးစားတာ ကျွန်တော်အမုန်းဆုံးပဲ"

အဲလိုပြောနေတဲ့အချိန်မှာjungkookလေးက ရုံးခန်းတံခါးဖွင့် ပြီးဝင်လာတယ်

"သခင်လေး ကျွန်တော်နောက်ကျသွားတယ်"

"နောက် တခါမဖြစ်စေနဲ့ ဒါနောက်ဆုံးဖြစ်ပါစေ"

"ဟုတ်ကဲ့သခင်လေး"

အဲလိုနဲ့ jungkookလေးကစိတ်မကောင်းဖြစ်သွားတာတော့ အမှန်ပါ။ဒါပေမဲ့ အလုပ်ပိုင်ရှင်က ပြောတာလည်းမမှားဘူးနေဘူးလေ အဲဒါကြောင့် မို့ ငြိမ်နေလိုက်တယ် ။jungkookလေးက အလုပ်ကြိုးစားတယ်။ရဲရင့်တယ်။ဒါပေမဲ့ သူ့ရဲ့အားနည်းချက်တစ်ခု ရှိနေတယ်။သူ့ရဲ့အားနည်းချက်က တော့ ဟန်ဆောင်မတတ်ဘူး သူစိတ်ဆင်းရဲရင် မျက်နှာမှာအထင်းသားကြီးပေါ်နေတယ်။

Taehyungကလည်း မအော်ချင်ပေမဲ့ jungkookကိုမှပြောဆိုမရရင် သူ့လက်အောက်ကလူတွေကို အုပ်ချုပ်ရမှာအခက်အခဲ ရှိတဲ့ အတွက်ကြောင့် ပြောရတာပါ။

"Jungkookဒီကိုလာဦး"

"ဟုတ်ကဲ့"

"ဦးလေး အလုပ်သွားလုပ်တော့ ကျွန်တော်သူ့ကိုပဲလုပ်စရာပေးလိုက်မယ်"

"ဟုတ်ကဲ့ သခင်လေး"

Jungkookကတော့ ကြောင်တောင်တောင်နဲ့ ကြည့်နေပြန်ပြီး ကြည့်နေတာတောင် ရိုးရိုးကြည့်တာမဟုတ်ဘူး မျက်နှာက ချစ်စရာကောင်းလွန်းနေလို့မျက်လုံးကလေးတွေဆို ဝိုင်းစက်နေတာပဲ
Taehyungတစ်ယောက်မခိုင်းရက်တဲ့ကြားထဲက စိတ်မကောင်းကလည်းဖြစ်နေရတာကတစ်မှောက် ဒါပေမဲ့ မခိုင်းရင် လည်း သခင်လေး ရဲ့မာနက ကျပြန်ရော

My Boss💖Where stories live. Discover now