Part21⛔⛔(uni& zawgyi)

543 18 3
                                    

"Jungkook သူသဘောတူပြီး"

"ကိုကိုတကယ်လား"

"အင်း"

အင်းတစ်လုံးသာ ပြောပြီး taehyung မျက်နှာ တစ်ချိန်လုံးတည်သွားလေတော့သည်

Jungkook လေးတစ်ယောက် သောက်ခွင့်ရသွားသည်နှင့် ခွက်လိုက်မော့တော့သည်

"ဟီးဟီး ကောင်းနေရော"

"အင်း ကောင်းတယ်မလား"

Jhope မှ မေးသောအခါ ယုန်သွားကြီးဖြီးပြပြီး ပြုံးပြနေပြန်တယ်
ခေါင်းလေး တစ်ဆတ်ဆတ်ငြိမ့်ရင်းပေါ့

Taehyung. သည် ဘာမှမပြောဘဲနှင့် ထိုင်ပြီးတော့သာ ကြည့်နေမိသည်

ဝီစကီအရက်တစ်ခွက်ကို လှုပ်သောက်ရင်းနှင့်ပင် သူ့ကလေးဖြစ်သူအား ကြည့်နေခဲ့သည်

အချိန်အနည်းငယ်ကြာတော့ Jungkookလေး မှာ မနိုင်မနင်းတွေဖြစ်လာပြီး
သောက်နေတဲ့ အရက်က ထပ်သောက်ဖို့တောင် ဘယ်လိုမှ မနိုင်နေတော့ပေ

"အင်းးးးးး ကိုကို~~~"

အရက်မူးသမားလေးသည် အသံတိုးတိုးလေးနှင့် ပိုင်ရှင်ဖြစ်သူ taehyung အား လှမ်းခေါ်နေပြန်သည်

"ကချင်တယ်~~~~"

ဆိုကာ taehyung ၏ ခွင့်ပြုချက်ရမရလည်းမသိတော့ ကောက်ကာငင်ကာ ထပြီး က ပါလေရော

ဒါတောင်မက ဝတ်ထားတဲ့ ဂျင်းကိုလည်း ကြယ်သီးတွေကောက်ဖြုတ်နေသည်

ကြယ်သီး တစ်လုံးပြုတ်သွားတိုင်း ထိုယောက်ျားသားလေးသည် သူ့ရဲ့ လျှို့ဝှက်အလှတွေ ထင်းကနဲ ပေါ်ထွက်လာသည်

ကြယ်သီးအားလုံး ကုန်သွားသောခါ အထဲက အင်ကျီအဖြူရောင်လေးသည် ခါးပြတ်လောက်သာရှိသည်

ကနေတဲ့ အက တွေသည်လည်း မော်ဒယ်ရှိုးလို ‌post ပေးလျက်နှင့်

ဒီကလေးတော်တော်ဆိုးတဲ့ အခြေအနေဖြစ်သွားပြီးဆိုတာ သတိမပြုမိသေးပေ

တစ်ယောက်သော ပိုင်ရှင်ဖြစ်သူသည် မျက်နှာတွေ မှောင်မိုက်နီရဲကာ ဒေါသတွေ ထွက်နေခဲ့လေပြီးဖြစ်သည်

*အပြင်ခံအင်ကျီ မချွတ်ရတဲ့ အကြောင်းရင်းက ဒီလိုတွေ ဝတ်လာလို့ပေါ့ဟုတ်လား ကလေးငယ် မင်းဒီညတော့ လွတ်မယ်မထင်နဲ့ *

My Boss💖Where stories live. Discover now