Part12💖(uni& zawgyi)

384 20 8
                                    

Jungkookလေးလည်း မနက်ဖြန်ရက်ကြရင် နယ်ရွာကလေးဆီပြန်ရမယ်ဆိုတဲ့ အသိနှင့် ပျော်တစ်ဝက်မပျော်တစ်ဝက်ဖြစ်နေခဲ့လေသည်

*ကိုကိုနဲ့လည်း မခွဲချင်ဘူး ဒါပေမယ့် မေမေနဲ့ဖေဖေ့ကိုလည်း သတိရတယ် ကိုကိုကတော့ ရွာကို လိုက်ပို့မယ်တဲ့ ဟီးဟီး*

စဉ်းစားရင်း အပြင်တွေပါ ထွက်ကြရှိနေသော Jungkook လေးကို ရှေ့ခုံတွင် ထိုင်ပြီးလက်ဖက်ရည်သောက်နေသော taehyung dad and momက ကြည့်လာကြသည်

Jungkook လေးက မတ်တပ်ရပ်ပြီး Taehyung အဆင်းအလာကို စောင့်နေခဲ့တာပင်

"ဒီမှာ ငါ့အတွက် လက်ဖက်ရည်ဖြည့်ပေးစမ်း!"

အမိန့်အသံနှင့်ပြောလာသော taehyung momကို Jungkook က ကြည့်မိတော့ ရွဲ့တဲ့တဲ့မျက်နှာနှင့် တိုက်ရိုက်ပဲ

သက်သက် လူကို ခိုင်းစားတာလည်း သိတယ်
နှိမ့်ချနေတာလည်း သိတယ်
ဒါပေမယ့် ကိုကို့ရဲ့ အမေလေ
ကိုကိုနဲ့ သက်ဆိုင်တဲ့ လူတွေကို လေးစားမှုတော့ ထားသင့်တယ်မလား

ကျွန်တော်လည်း လက်ဖက်ရည်ကို ငဲ့ပေးပြီး
ငြိမ်ငြိမ်သာ ရပ်နေလိုက်သည်
အမြဲတမ်းဆို ကျွန်တော့်ထိုင်ခုံမှာ ထိုင်ပြီး ‌မနက်စာစားရင်စောင့်ပါတယ် ဒါပေမယ့် ဒီနေ့မှ မနက်စာစားပွဲတွေမှာ ထိုင်ခုံက သုံးခုံသာရှိတယ်
အမြဲတမ်း ငါးခုံရှိတဲ့ ဝိုင်းကလေ

ကျွန်တော်လည်း ခုံမရှိလို့ မထိုင်သာ ဟုတ်ပေမယ့် တစ်ယောက်ယောက်က ပေးမထိုင်စေချင်ပြန်ဘူးဆိုတာလည်း နားလည်ခဲ့ပါတယ်

ဘာလို့ဆို ကိုကို့အမေရဲ့ အကြည့်တွေက ကျွန်တော့်ကို ဘယ်လောက်မုန်းတီးနေလဲ ဆိုတာ ကျွန်တော်အသိပင်

ခဏကြာတော့ ကိုကိုက suit အပြည့်နှင့် အိမ်ပေါ်ထပ်ကနေ ဆင်းလာလေသည်

ဆံပင်တွေ အားလုံးကို လှန်တင်ထားတာကြောင့် ကိုကို့ မျက်နှာချောကြီးက ပိုတောင်ခန့်သထက်ခန့်နေခဲ့သည်

လက်တစ်ဖက်ကို ဘောင်ဘီးအိတ်ထဲ ထည့်ပြီး ဆင်းလာတာမို့ တစ်ကယ့်နတ်သားတစ်ပါး ဆင်းသက်လာသလိုပဲ ချောမောနေခဲ့တာ

ကိုကိုက ကိုကို ထိုင်ခုံဆီရောက်တော့ ကျွန်တော့်ကို တစ်ချက် မော့ကြည့်လာသည်

My Boss💖Where stories live. Discover now