part8💖(uni& zawgyi)

395 27 4
                                    

Taehyung လည်း မနက်မိုးတော်တော်လင်းနေရစ်ပြီးမို့ နိုးထလာတော့သည်

မျက်လုံးစဖွင့်ဖွင့်ချင်းညက အကြောင်းစဉ်းစားမိတော့ခါ

"ကလေး~"

နှုတ်ဖျားထက်ရေရွတ်ပြီး အမြန်ကောက်ထကာ အခန်းပြင်အမြန်ထွက်လာခဲ့သည်
အများအမြင်အရမ်းတည်ကြည်ခန့်ညား‌သော kim taehyung CEO သည် အခုတော့ ချစ်ရသူကြောင့် ခန့်ညားဖို့တောင်မေ့ ခေါင်းစုတ်ဖွာနှင့် အင်ကျီက ရင်ဘတ်လောက်ကြယ်သီး ဖြုတ်ကာ ဖရိုဖရဲ ဗရမ်းဗတာ ကြွက်သားမောက်မောက်တွေသည် သူ့ဟာသူဗနသင့်လို့ပင် ရှိလေသည်

*ကလေး ကိုယ့်ကို မုန်းသွားပြီးလား
ဟာ ထွက်ပြေးသွားတာလား ဘာလဲ!!*

ခေါင်းတွင် အတွေးပေါင်းစုံ ရှုပ်ယက်ခက်နေလေသည်

ချစ်ရသူ က သူ့ကို တစ်မျိုးမြင်မှာကို ကြောက်ရုံမက ထွက်ပြေးသွားမလား ဆိုပြီး ကြောက်ရွဲ့လာ‌တာမို့ ခြေထောက်တွေက ထောက်ဖို့တောင် အားနည်းရသည်

ယိုင်တိုင်တိုင်နဲ့ တစ်ခန်းဝင်တစ်ခန်းထွက်ကာ အိမ်တော်ကြီးတွင် ပတ်ရှာနေခဲ့သည်

"ကလေး ဘယ်မှာလဲကွာ~~"

ပါးပြင်ထက် မျက်ရည်တွေစီးဆင်းလာတာမို့ အားငယ်စိတ်ကြောင့် လူက ချွေးစီးပါပြန်လာလေသည်

ဩဇာညောင်းခဲ့သော အသံတုန်တွေသည် အခုတော့ ခပ်သေးသေးလေးပင် ကျန်တော့သည်

မျက်လုံးကို ဟို ကြည့်ဒီကြည့်နှင့် ရှာနေရတာမို့ သူဘဝပျက်နေသလိုပင် ယူကျုံးမရ ဖြစ်နေပြန်သည်

.....................
"သခင်ကြီး~~~~ ဆေးပုံမှန်သောက်နော်"

"ကျေးဇူးပါ Jungkook ရယ် "

"ဟုတ်ကဲ့ အာ ကျွန်တော်ခွင့်ယူချင်လို့ သခင်ကြီး"

မန်နေဂျာနေရာကို Taehyung. အဖေကပဲ နေရာချထားပေးတာမို့ Taehyung ကို မမေးပဲ taehyung အဖေကို မေးလိုက်လေခြင်းဖြစ်သည်

"ပြောလေ"

"သခင်ကြီး ကျွန်တော် အိမ်တစ်ချက်ပြန်ချင်လို့ ခွင့်ယူချင်ပါတယ်"

"အင်း ယူပါ ရပါတယ် "

"ကျေးဇူးပါ သခင်ကြီး ကျေးဇူးပါ"

My Boss💖Where stories live. Discover now