part7💖(uni& zawgyi)

390 32 3
                                    

Jimin နှင့် Jungkook သည် ကုမ်ပဏီမသွားထိဘူးမို့

အိမ်တော်ကြီးထဲတွင် နှစ်ယောက်သား သူ့နေရာနှင့်သူရှိနေကြသည်

ဒေါက် ဒေါက်💢💢
တံခါးခေါက်သံပါ

Jungkook လေးလည်း တံခါးဖွင့်လိုက်တော့ အိမ်တော်က ဒေါ်ကြီးပင်ဖြစ်သည်

"အောက်ထပ်ဆင်းပါတဲ့ သခင်လေးက ခေါ်ခိုင်းလိုက်တာပါ"

"ဟုတ်ကဲ့"

ဆိုပြီး ဖြေလာတော့ သူမလည်း ထွက်သွားတော့သည်

အောက်ထပ်ကို ဆင်းလာတော့ ဆိုဖာတွင် ထိုင်နေသော taehyung ကိုတွေ့လိုက်ရသည်

"Jungkook"

သူ့အားတွေ့တာနှင့် ခေါ်လာသော taehyung

"ဗျာ ကိုကို"

ဗျာကိုကိုဆိုသော အသံလေးကြောင့် taehyung တစ်ချက်ပြုံးမိသွားသည်

*ဒီကလေးနဲ့တော့ လေ *

"အရင်အပတ်က စာရင်းတွေကို အခု အပတ်စာရင်းနဲ့ တိုက်ကြည့် ကွာခြားမှု ရှိတာ လာပြန်ပြော ကြားလား
ပြီးတော့ ဒီစာရင်းရော သေချာစစ်ထားအုံး"

"ဟုတ်ကဲ့ "

"အခု ငါအပြင် တစ်ချက်သွားအုံးမယ် မင်းပဲ စာရင်း လုပ်ထားချေ ကြားလား"

"ဟုတ်ကဲ့"

Taehyung လည်း တစ်ချက်ပြုံးကာ ကားသော့ ဆွဲပြီး ထွက်သွားလေတော့သည်

"ဟူး.......စာရင်းတွေ အများကြီးပဲ "

ဆိုကာ စာရင်းတွေကို ဘေးနားအသာချပြီး ဆိုဖာပေါ်အကျအနထိုင်လေသည်

တစ်ယောက်တည်း စာရင်း လုပ်နေလိုက်သည်

လူလမ်းလျှောက်သံလေးကြားတော့ ခေါင်းကလေးမော့ကြည့်လိုက်မိသည်

မော့ကြည့်လိုက်တဲ့ခေါင်းကိုတောင် ပြန်ရိုက်ချိုးလိုက်ချင်သည်
အဘယ်ကြောင့်လို့ထင်လဲဗျာ
ကျွန်တော့်အရှေ့က မာယာတစ်သိန်းနှင့် သခင်လေး အမေပေါ့ဗျာ

လူကို ပေစောင်းစောင်းနဲ့ကြည့်ပြီး နှုတ်ခမ်းက ဟိုရွဲ့ဒီရွဲ့နဲ့ ဟွန့် ကျွန်တော်သာ စွမ်းအားရှင်ဆိုရင် သူ့ကို ဆွဲဖြဲပစ်မိမှာသိလား

My Boss💖Where stories live. Discover now