Part10💖(uni& zawgyi)

394 23 5
                                    

မနက် စောစောစီးစီး ဆေးရုံထဲတွင် တိုင်ပတ်နေသော Dr.jinကြောင့် jimin ခင်များ စိတ်တွေတော်တော်ညစ်နေလေပြီး

"Hyung!!!!!!"

"ဘာလဲကွာ"

"Hyung လူနာတွေက အရမ်းများနေတယ်လေ တခြား dr.geo တို့တွေခေါ်လေဗျာ"

"မင်းနဲ့တော့ မင်းရှိနေတာပဲ ဘာလို့ အကူခေါ်ရမှာလဲ လာခဲ့!!"

"အား!!ငါ့နှယ့် "

"အခု လိုက်ခဲ့"

လူနာ သွားစစ်ရပြန်ပြီး

တစ်နေ့တစ်နေ့ ဆေးရုံကနေ အပြင်လောကက မခြားတော့ပါဘူး

အဲ့လိုနဲ့ Jin လည်း လူနာတွေကို အားပေးလိုက် လူနာတွေကို စစ်လိုက်နဲ့ အလုပ်ကို ရှုပ်လို့ Dr.jin က အရမ်းကို ထူးချွန်တဲ့ ပါရဂူဆိုပေမယ့် လူနာတွေကို သာမန်လူသား‌လိုသာ ဆက်ဆံပြုမူပြောဆိုတယ်

"အဘွား နေကောင်းနေပြီးမလား"

လူနာခုတင်တွင် မှီကာ အိပ်နေသော အဘွားအိုတစ်ယောက်ကို Jin က ရိုသေသမှုနှင့် စကားပြောဆိုနေသည်လေ

အနောက်က jimin လေးမှာ ပါရဂူ Jin အနောက်က တစ်ကောက်ကောက်နှင့်

"အင်း မြေးလေးကျေးဇူးတွေပါကွယ်"

"မဟုတ်တာ ဒါနဲ့ အဘွား ကြိုးစားထားနော် "

ထိုအဘွားဘေးနားက အဒေါ်တစ်ယောက်ထိုင်နေတာမို့ တကယ်တော့ အဲ့အဒေါ်က ဒီအဘွားရဲ့ သမီးပင်

"အဒေါ် အဘွားကို ‌ဆေးပြောင်းထားပေးတယ် ဒီစာရွက်ကလေး ယူပြီး ဆေးပေးခန်းမှာ သွားယူလိုက်နော်"

"အင်း"

အဲ့လိုနဲ့ လူနာတွေကို ဂရုစိုက်ပေးပြီးသောခါ

"Hyung ကလည်းကွာ ‌ လူနာတွေကို nurse တွေက ဂရုစိုက်ပေးပါလိမ့်မယ်ဗျာ "

"တိတ်စမ်း"

"လူများက အကောင်းပြောတာကို "

"တော်တော့"

"အွန်း"

"သွား ဒီနေ့ မင်းအတွက် ခွင့်ပေးတယ် လစ်"

"တကယ် ဝါး park jimin တို့ ထီပေါက်တာပဲ ရက်စ်"

ဆိုကာ အခန်းလေးထဲကနေ ပြေးထွက်သွားတာပါပဲ

My Boss💖Where stories live. Discover now